
ဆန်ကြိတ်ခွဲစက်များမှ ထွက်ရှိသော ဘေးထွက်ပစ္စည်း စပါးခွံဖြင့် ထင်း/ မီးသွေး အစားထိုး လောင်စာအဖြစ် စပါးခွံလောင်စာတောင့် ထုတ်လုပ်ခြင်းလုပ်ငန်းအား ဇီးကုန်းမြို့၊ အမှတ် (၃) ရပ်ကွက် ရန်ကုန်-ပြည်လမ်းတွင် ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိပါသည်။
လောင်စာတောင့်အတွက် စပါးခွံအားစက်ဖြင့်ပြုလုပ်ပြီး ကုန်ကြမ်းစပါးခွံအားအိတ် (၂၀၀)ပါ (ပုဇဉ်းကား) တစ်စီးအတွက် စပါးခွံဖိုး (၄၅၀၀၀)ကျပ်၊ ကားခ (၂၅၀၀၀)ကျပ်၊လုပ်သားခ (၁၅၀၀၀)ကျပ်ဖြင့် စုစုပေါင်း စပါးခွံကားတစ်စီးလျှင် (၈၅၀၀၀)ကျပ် ကုန်ကျစရိတ်ရှိပြီး ကုန်ကြမ်း အိတ် ၂၀၀ တွင် ကုန်ချောအိတ် ၅၀ ခန့်ရရှိပြီး ရောင်းချမှုအနေဖြင့် ပိဿာ ၂၀ တစ်အိတ်လျှင် ၇၅၀၀ကျပ် လက်လီတစ်ပိဿာလျှင် ၄၀၀ ကျပ်ဖြင့် ရောင်းချရကြောင်းသိရပါသည်။
လုပ်ငန်း စတင်ဆောင်ရွက်နေသည်မှာ ၂လခန့်သာရှိပြီး ဈေးကွက်အနေဖြင့် မြို့နယ်တွင်း လုပ်ငန်းသေးများဖြစ်သည့် အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင် (၅)ဆိုင်ခန့်သာ ရောင်းချရပြီးလက်လီ ရောင်းချရမှုများလည်းရှိလာပါသည်။ အကျိုးအမြတ်အနေဖြင့် အလေအလွင့် ၊ စက်လည်ပတ် / လုပ် သားခ ၊ အိတ်ခွံ၊ မီတာခ နူတ်ပြီး ပိဿာ(၂၀)တစ်အိတ် လျှင် (၃၀၀၀)ကျပ် အကျိုးအမြတ်ရရှိကြောင်း စပါးခွံလောင်စာတောင့်ကို သုံးစွဲခြင်းဖြင့် ထင်းနှင့် မီးသွေးတို့ သုံးစွဲခြင်းထက် ကုန်ကျစရိတ်သက်သာ ပြီး လောင်စာတောင့်ပြာများကို ဓာတ်မြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ကြောင်း သိရပါသည်။
DOCA(ပဲခူး)