ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်သည် မိုးသီးနှံ၊ စပါး၊ ဆောင်းသီးနှံ ပဲမျိုးစုံ ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားသီးနှံအများအပြား စိုက်ပျိုးသောမြို့နယ်ဖြစ်ပါ သည်။ ထိုသီးနှံများကို လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးကြပါသည်။ ထိုသီးနှံများထဲမှ နှုန်းတင်မြေနူ (ကိုင်းမြေ)တွင် စိုက်ပျိုးသော အစေ့ထုတ်ပြောင်း၏လက်ရှိစိုက်ပျိုး ထားမှုအခြေအနေ ၊ တစ်ဧက ကုန်ကျစရိတ်ထွက်ရှိလာတော့မည့် သီးနှံအပေါ်ကြိုတင်ဝယ်ယူမှုများ အရ ၂၀၂၄-၂၀၂၅ ခုနှစ် ထွက် အစေ့ထုတ်ပြောင်းသည် ဟင်္သာတမြို့နယ်တွင် (၃၁၁၆)ဧက စိုက်ပျိုး ထားရှိပါသည်။ အစေ့ထုတ်ပြောင်း တစ်ဧကလျှင် ပျမ်းမျှကုန်ကျစရိတ် ၁၇ သိန်းကျပ် ကုန်ကျပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၁၂၀ မှ ၁၅၀ ထိ ထွက်ရှိကြောင်းသိရှိရပါသည်။ ယခင်နှစ် ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံပေါ်ချိန်တွင် အစေ့ထုတ်ပြောင်းတစ်တင်း ဝယ်ဈေးမှာ ၁၈၀၀၀/- ကျပ်မှ ၂၀၀၀၀/- ကျပ်ဝန်းကျင် ရှိခဲ့သော်လည်း ယခုနှစ်တွင် ထွက်ရှိလာမည့် အစေ့ထုတ်ပြောင်း သီးနှံ အပေါ်ကြိုတင်ဝယ်ဈေးအဖြစ် ၂၅၀၀၀ /- ကျပ်အရောင်းအဝယ်ဖြစ်နေကြောင်း၊ အစေ့ထုတ်ပြောင်း ကို တိရိစ္ဆာန်အစားအစာ အဖြစ်သော်လည်းကောင်း၊ စားသောက်ကုန်အဖြစ်သော်လည်းကောင်း အသုံးပြုကြပြီး၊ ပြောင်းဖူးအခွံကို ဆေးလိပ်ဖက် ထုတ်ရန်အဖြစ် အသုံးပြုလာသောကြောင့် ဝယ်လိုအားကောင်းနေပြီး ထွက်ရှိလာမည့် ၂၀၂၄-၂၀၂၅ ခုနှစ် အစေ့ထုတ်ပြောင်းသီးနှံသည် တောင်သူများတွက်ချေကိုက်မည့် သီးနှံဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။
DOCA(ဧရာဝတီ)