ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် တောင်သူများသည် လယ် ယာစိုက်ပျိုးရေးအပြင် ကြက်သွန်နီနှင့်ငရုတ်နှင့် ပဲမျိုးစုံသီးနှံများကိုလည်းစိုက်ပျိုးကြပါသည်။ ဇလွန် မြို့နယ်အနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ငရုတ် စိုက်ဧက (၂၁၀၃)ဧက စိုက်ပျိုးပြီး မြေနု ကျွန်းများမြစ်ရေကျချိန်၂၀၂၄ ခုနှစ် စက်တင်ဘာလဆန်းတွင်စတင်စိုက်ပျိုး၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းတွင် စတင်အသီး ဆွတ်ခူးနိုင်ပြီဖြစ်ပါသည်။
စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းအောင်သည် (၁၆.၁.၂၀၂၅ ) နေ့တွင် ဇလွန်မြို့ နယ် ကျုံအီကျေးရွာရှိ မြေနုကျွန်းတွင် ငရုတ်တစ်ဧက စိုက်ပျိုးထားသော တောင်သူ ဦးထွန်းဝင်း၏ ငရုတ်စိုက်ခင်းသို့သွားရောက်၍ စိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းဈေးကွက် အခြေအနေများကို ကွင်းဆင်း လေ့လာခဲ့ပါသည်။
ကွင်းဆင်းဆွေးနွေးမှုအရ တောင်သူဦးထွန်းဝင်းအနေဖြင့် ကိုင်းမြေတစ်ဧကပေါ်တွင် အိန္ဒိယ မြှားနီမျိုးငရုတ်အပင် တစ်သောင်းကို စိုက်ပျိုးထားပြီး ယခုအခါ အသီးစတင် ခူးဆွတ လျက်ရှိပါသည်။ ငရုတ်တစ်ဧက စိုက်ပျိုးရန်အတွက် မြေပြင်၊ မျိုး၊ သွင်းအားစု၊ ရေတင် ၊ ပေါင်းလိုက် ၊ခူးဆွတ်ခြင်း အတွက် တစ်ဧက ပျမ်းမျှ ၂၅ သိန်းကျပ်ခန့် ကုန်ကျပါသည်။ ရက်ပတ်အလိုက်အသီးခူးပြီး တစ်ဧက ပျမ်းမျှ ငရုတ်အစို ပိဿာ ၅၀၀၀ခန့်ခူးဆွတ်ရပါသည်။ ငရုတ်အစို တပိဿာလျှင် ၁၇၀၀ ကျပ်၊ အခြောက်တပိသာလျှင် ၆၀၀၀ ကျပ်ဈေး ပေါက်လျက်ရှိပြီး တောင်သူများအနေဖြင့် အခြောက်လှမ်း ပါက လုပ်သားခ ပိုမိုကုန်ကျခြင်း၊ တလင်းလိုအပ်ခြင်း၊အချိန်ကြာခြင်း၊ အစိုဈေးနှုန်းမှာလည်း တောင်သူတို့ အကျိုးအမြတ်ရှိပြီး ဈေးကောင်းရသည့်အတွက် အချိန်ကုန်သက်သာပြီး ငွေရမြန်သော ငရုတ်စိုအမှည့်များကို ရောင်းချလျက်ရှိကြောင်း ဆွေးနွေးသိရှိရပါသည်။
DOCA(ဧရာဝတီ)