ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ဟင်းသီးဟင်းရွက် သီးနှံစုံကို စိုက်ပျိုးနေပြီး စိုက်ဧက ၁၆၀၂ ဧကစိုက်ပျိုးပြီး ငရုတ်သီးစိမ်း စိုက်ဧကအနေဖြင့် ၁၀ ဧက၊ စိုက်ပျိုးလျက်ရှိသည်။ မအူပင် မြို့နယ် အတွင်းရှိ ဒေသခံတောင်သူများသည် ငရုတ်စိမ်း သီးနှံ တစ်မျိုးတည်းကိုသာ ကို စီးပွားဖြစ် နှစ်စဉ် စိုက်ပျိုးကြကြောင်း သိရသည်။
မအူပင်မြို့နယ် ထနီးကျေးရွာတွင် ငရုတ်စိမ်း ၁ဧကစိုက်ခင်းတွင် ငရုတ်မျိုး ကျားခေါင်း 0.4 မျိုးကို စိုက်ပြီး ဈေးနှုန်း ၁ထုတ် ၁၆၅၀၀ကျပ်ဖြင့် ၁ဧကတွင် မျိုးထုတ် ၁၀ထုတ်စိုက်ပျိုးသည်။ ငရုတ်မျိုးကို ၁လ ပျိုးထောင်ပြီး ၉လပိုင်းက ပျိုးထောင်ပြီး ၁၀လပိုင်း မှ စတင်မြေချ စိုက်ပျိုးကြောင်း၊၂၀၂၅ခုနှစ် ဇန်နဝါရီလတွင် စတင်ခူးရပြီး ၁ဧက ပိဿာချိန် ၅၀၀ ခန့် ထွက်ရှိနိုင်ကြောင်း၊ ယခင်နှစ်က ပိဿာ ၄၅၀ ထိ ထွက်ရှိခဲ့ကြောင်း၊ စိုက်ပျိုးမှု မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ၊ ရေတင်ခ၊ အပါအဝင်ကုန်ကျစရိတ် ငွေကျပ် ၅၀၀၀၀၀ ကျပ်ခန့် ကုန်ကျစရိတ်ရှိ သည်။ ငရုတ်သီးစိမ်း ဈေးနှုန်းအနေဖြင့် လက်ကားဈေး ၁ပိဿာ ၂၅၀၀ကျပ် ဈေးဖြင့်ရောင်းချနေပြီး ငွေကျပ် ၇၅၀၀၀၀ အကျိုးအမြတ်ရရှိကြောင်း စိုက်ပျိုးတောင်သူ ဦးလှမြင့် ထံမှ သိရသည်။
ဈေးကွက်တင်ပို့မှု အနေဖြင့် ရန်ကုန်မြို့သို့ အဓိက ထား ရောင်းချတင်ပို့လျှက် ရှိသည်။ မြို့နယ်အတွင်း ရောင်းချပါက ဈေးပိုရ၍ အကျိုးအမြတ်ပိုမိုရပြီး၊ ရန်ကုန်တင်ပါက ဈေးအနည်းငယ် သာရရှိကြောင်း သိရသည်။
DOCA (ဧရာဝတီ)