ညောင်တုန်းမြို့ ပါလှဲ့ ကျေးရွာတွင် စိုက်ပျိုးသော ဗုံလုံသီး သီးနှံ ဈေးကောင်းရ၍ အကျိုးအမြတ်ရရှိနေ

Powered by Drupal

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ပါလှဲ့ကျေးရွာ၌ ဗုံလုံသီး စိုက် တောင်သူများရှိသဖြင့် ဗုံလုံသီးသီးနှံကို နှစ်စဉ်စိုက်ပျိုးကြောင်း သိရသည်။ မိုးနှင့် ဆောင်းရာသီတွင်  ဗုံလုံသီး စိုက်ပျိုးကြပြီး စင်တင်၍ စိုက်ပျိုူးကာ ထွက်ရှိသော သီးနှံကို  ရန်ကုန်သို့ တင်ပို့ကြောင်း ညောင်တုန်းမြို့နယ်တွင် ဟင်းသီးဟင်းရွက် စိုက်ဧက ၁၂၅ ဧကရှိကြောင်း သိရသည်။

            စိုက်ပျိုးရာ  ၁ဧကဝက်ကို မျိုးစေ့ အစီ ၁၆၀၀ ပင်စိုက်ပျိုးထား သည်။ မျိုးစေ့ ၁ စိ ကို ငွေကျပ် ၅၀ကျပ် ဝယ်ရပြီး စိုက်ပျိုးသည်။ ဝါးဖြင့် စင်ထိုးစိုက်ရပြီး ဝါးစင်မှာ ၂နှစ် အသုံးပြု၍ ရသည်။ စိုက်ပျိုး စားရိတ် ရင်းနှီး မြုပ်နှံမှုငွေ ကျပ် ၄သိန်းခွဲ  ကုန်ကျသည်။ သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးပြီး ပြာသိုလတွင် ထွက်ရှိသည်။ သီးနှံထွက်ရှိမှု အနေဖြင့် ၁ဧကဝက်တွင် ဗုံလုံသီး အတောင့် ၂၀၀၀နီးပါးခန့် ထွက်ရှိသည်။ အသီး ပေါ်စက ဗုံလုံ သီးဈေး ၁တောင့်ကို ၁၀၀၀ကျပ်ဖြင့် ရောင်းချရပြီး ယနေ့ ဇန်နဝါရီ ဒုတိယပါတ်က ဗုံလုံသီး ၁ တောင့်ကို ၅၀၀-၇၀၀ ကျပ်သာရရှိသည်။   အကျိုးအမြတ် အနေဖြင့် ကုန်ကျစရိတ်နှုတ်ပြီး ငွေကျပ် ၄၀၀၀၀၀ ခန့် ရရှိကြောင်း ဗုံလုံသီးနှံ စိုက်တောင်သူ ဦးခင်ဝင်းထံ မှ သိရသည်။

            ဈေးကွက် တင်ပို့မှု အနေဖြင့် ညောင်တုန်းမြို့နယ်အတွင်း စိုက်ပျိုးသီးနှံများကို ရန်ကုန်ဈေးကွက် တင်ပို့ နေကြောင်း၊  ဆောင်းရာသီတွင် ညောင်တုန်းမြို့နယ်တွင် ပြည်တွင်း လယ်ယာထွက်ကုန် သီးနှံကို စိုက်ပျိုးသလို ဟင်းသီးဟင်းရွက် သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး ယခုဗုံလုံသီးနှံသည် စိုက်ပျိုးစရိတ် သက်သာ ပြီး အကျိုးအမြတ်ကျန်သည့်အတွက် နှစ်စဉ်စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

DOCA (မအူပင်)