တပိုင်တနိုင် မုန့်လုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ အလယ်ပိုင်း ရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် ပေါင်မုန့် ထုတ်လုပ်ခြင်းနှင့် မုန့် အမျိုးမျိုးပြုလုပ် ရောင်းချခြင်းမှစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း ပန်းတနော် မြို့ အလယ်ပိုင်းရပ်ကွက် ဒေါ်ခိုင်ဇာလင်း မုန့် ပြုလုပ်ရောင်းချသည့် မိသားစုများထံမှ သိရသည်။

ပေါင်မုန့်  ပြုလုပ်ရာတွင် လိုအပ်သော ပစ္စည်းများမှာ ဂျုံ၊ သကြား၊ ဆီ၊ ထောပတ်၊ ရေ၊ ဆားအနည်းငယ်နှင့် ပွဆေးအနည်းငယ် ထည့်၍ပြုလုပ်ရကြောင်း သိရ သည်။ ကုန်ကြမ်း ဂျုံကို ရန်ကုန်မှ မှာယူပြီး၊ ကျန်သော ကုန်ကြမ်းများကို မြို့နယ်အတွင်း ဝယ်ယူရရှိကြောင်း၊  ပေါင်မုန့်  ထုတ်လုပ်ပါက ဂျုံ ၁အိတ်ကုန်ကျပြီး သကြား ၅ပိဿာ၊ ဆီ ၂ပိဿာ၊ ထင်း အစီး ၁၀၀ခန့်၊ ကုန်ကျကြောင်း၊ လုပ်သားခ အပါအဝင် ကုန်ကျစရိတ် ၄၀၀၀၀၀ကျပ် ကုန်ကျပြီး ထွက်ရှိမှု အနေဖြင့် ၂၅၀ ထွက်ရှိသောကြောင့်၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၀၀၀၀၀ကျပ် အကျိုးအမြတ် ရရှိကြောင်း သိရသည်။

ယနေ့ ပေါင်မုန့် ၁လုံး လက်ကား ဈေးအနေဖြင့်  ငွေကျပ် ၂၀၀၀ရောင်းချကြောင်း၊ ပြင်ပဈေးကွက်ပေါက်ဈေး အနေဖြင့် ၁လုံးကို ငွေကျပ်၂၅၀၀ကျပ် ရောင်းချရကြောင်းသိရသည်။ ၁လကို ပေါင်မုန့် ၅၀၀ခန့် ထုတ်လုပ်နိုင်ပြီး တစ်နှစ် အတွင်း ပေါင်မုန့် အလုံးရေ ၆၀၀၀ခန့် ထုတ်လုပ်နိုင်ကြောင်း၊ အလှုူ၊ မင်္ဂလာဆောင် အော်ဒါကျပါက ပိုမို ထုတ်လုပ်ရကြောင်း၊ အိမ်ဆိုင်အနေဖြင့်လည်း ပေါင်မုန့်များ ရောင်းချလျက်ရှိသည်။

 ဈေးကွက်အနေဖြင့်  မြို့နယ်အတွင်းရောင်းချနေပြီး နယ်ကျော်၊ ရပ်ဝေးမိတ်များရှိ၍ မှာယူပါက ရောင်းချပေးလက်ရှိသည်။ ပေါင်မုန့်ထုတ်လုပ်မှုကို သန့်ရှင့်မှုကို အခြေခံထုတ်လုပ်ပြီး မိသားစု တပိုင်တနိုင်ထုတ်လုပ်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်းသိရသည်။

DOCA(ဧရာဝတီ)