တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်း မှအကျိုးအမြတ်ရရှိနေသော ‌ဒေသထွက်ကုန် ဝါးအခြေခံလက်မှုလုပ်ငန်း

Powered by Drupal

         မြန်မာနိုင်ငံတွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စား(MsMES) စီးပွားရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရမှ အလေးထား၍ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ်ရှားပင်ကွေ့ရွာရှိ ဝါးအခြေခံလက်မူလုပ်ငန်း ဖြစ်သည့်ဇကော/ ဇကာယက်လုပ်ခြင်း လုပ်ငန်းသည်မိသားစုတစ်နိုင်တစ်ပိုင်မှစပြီး လုပ်ကိုင်လျက် အကျိုးအမြတ်ရရှိနေပါသည်။ ထုတ်လုတ်ပုံမှာဇကော/ဇကာများယက်လုပ်ရာတွင် ကြသောင်းဝါး အကြီး(အစို)အားခြောက်သွေ့စေရန် နေကို(၇)ရက်ခန့်ခြောက်အောင်လှန်းရပါသည်။ ဝါးလုံးပတ် လည်အခြောက်ညီစေရန်အတွက် ပတ်လည်လှည့်၍လှန်းကာ ခြောက်သွေ့သွားသောဝါးအား ဇကော/ဇကာအတွက် (၈)တောင်၊ အတွင်းခွေ(၄)တောင်၊အပြင်ခွေ(၄)တောင်ခွဲစိတ်ဖြတ်တောက်ရ ပါသည်။ ဇကောပြင်ချပ်အတွက်ဝါးအရှည်တစ်တောင့်ထွာ ဖြတ်တောက်ပြီးနှီးဖျာ၊နှီးသတ်ကာ ဇကာ ယက်ပြီးဘောင်ကွပ်ရပါသည်။ဘောင်ကွပ်ရာတွင် ဘောင်အဖြစ်ဖြတ်တောက်ထားသည့် (၄) တောင် ဝါးခြမ်းဖြင့်အတွင်းခွေ၊အပြင်ခွေ(၂)ဘောင်ကပ်ပြီး ဘောင်အပေါ်မှ ပလပ်စတစ်ကြိုးဖြင့် ကွပ်ရပါ သည်။ပလပ်စတစ်ကြိုးဖြင့်ကွပ်ပြီးလျှင် ဈေးကွက်တင်ပို့ရောင်းချရန် အသင့်ဇကော/ ဇကာများ ရရှိပါသည်။ကြသောင်းဝါးတစ်လုံးလျှင်ဇကော/ဇကာ(၄)ချပ်ရရှိပါသည်။ဇကော/ဇကာများကိုဈေးကွက် မှာယူမှု့၊ဝယ်ယူမှု့ အနေအထားအလိုက်စီထပ်၍ ချည်နှောင်ထုတ်ပိုးရပါသည်။ (၁)ချပ်အတွက် ထုတ်လုပ်မှု့ကုန်ကျစရိတ်မှာ တစ်ချပ်လျှင်ဘောင်ခွေနှစ်ခွေအတွက် ၁၅၀/ကျပ်၊ပြင်ချပ်(အခင်း)ပြု လုပ်ရန်ဝါးတို(၁)ချပ်စာ ၂၀၀ ကျပ်၊ဘောင်တင်ပလပ်စတစ်ကြိုးကွပ်ရန်(၁)ချောင်း ၁၅၀/ကျပ်၊ မိသားစုလုပ်အားခ(၁၅၀)ကျပ်၊ဝါးတစ်လုံး(၁၅၀၀)ကျပ် စုစုပေါင်း ဝါးတစ်လုံး(သို့မဟုတ်) ဇကော (၄)ချပ်အတွက်ကုန်ကျစရိတ်မှာ ၂၁၅၀ ကျပ်ဖြစ် ပါသည်။ ဇကော(၄)ချပ်အတွက် ရောင်းရငွေ၈၀၀၀ ကျပ်ရရှိပြီး အမြတ်ရရှိငွေ ၅၈၅၀ ကျပ် ရရှိကာ တစ်နေ့လျှင်ဝါး(၄)လုံးမှထွက်ရှိသော ဇကော/ဇကာ (၁၅)ချပ်ခန့်ကို ရောင်းချရပါသည်။ ရောင်းဈေးအနေ ဖြင့် ဇကောတစ်ချပ်လျှင် လက်ကားဖောက်သည်ပေးရာ (၂၀၀၀)ကျပ် ရရှိပါသည်။တစ်နေ့ကိုဝါး(၄)လုံးမှထွက်ရှိသော တစ်နေ့တာ အမြတ်ငွေပေါင်း (၂၁၉၀၀)ကျပ်ခန့်ရရှိပါသည်။ ဈေးကွက်အခြေအနေမှာလည်း ဒေသတွင်းမှာ သာမကခရိုင်းအတွင်း မြို့နယ်အတွင်း၊တိုင်းဒေသကြီးအတွင်း ဖြန့်ဖြူးရောင်းချပြီး ရောင်းအားကောင်းလျက်ရှိကြောင်းသိရသည်။

            ထိုသို့ MSMEs စီးပွားလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်ဝါးအခြေခံလက်မှု့လုပ်ငန်း သည်လူသုံးကုန်ပစ္စည်းဖြစ်သည့်အတွက် လူသုံးများပြီးဈေးကွက်ဝင်ကာ စီးပွားရေးအခွင့်အလမ်း ကောင်းလျက်မိသားစုတစ်ပိုင်တစ်နိုင်မှသည် ဝင်ငွေတိုးကာ အကျိုးအမြတ်ရရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)