ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံ စိုက်ပျိုးလျက်ရှိသည်။ ပန်းတနော်မြို့နယ်တွင် မတ်ပဲ စိုက်ဧက ၄၈၀၇၈ စိုက်ပျိုးပြီး၊ ရိတ်သိမ်မှု အနေဖြင့် ၁၈၀၀ ခန့် ရိတ်သိမ်းနေပြီဖြစ်သည်။ ၂၀၂၅ခုနှစ် ဇန်နဝါရီ လ (၁၅)ရက်နေ့မှ မတ်ပဲ စတင်ထွက်ရှိပြီး အရောင်းအဝယ် ဖြစ်နေပြီးဖြစ်ကြောင်း သိရသည်။
မတ်ပဲစိုက်တောင်သူ ကိုစည်ဖြိုးမင်းက မတ်ပဲတစ်ဧကကို ၁တင်း နှုန်း ကျဲပတ်၍ မတ်ပဲ TPV -9 ကန်စွမ်းမျိုးကို (၄)ဧက စိုက်ပျိုးပြီး၊ မတ်ပဲ မြွေဟောက်မျိုးကို ၁ဧကကို ၂ တင်း နှုန်း ကျဲပတ်၍ ၁၄ဧက ကို ကိုတင်လွင်ဦး က စိုက်ပျိုးထားကြောင်း သိရသည်။ မတ်ပဲ စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် ၁ဧကကို ၁၀သိန်း နီးပါးရှိသည်။ ထွက်ရှိမှု အနေဖြင့် ၁ဧက ကို မတ်ပဲ ၂၀-၂၅ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် မတ်ပဲ အသစ် ၁တင်းကို ငွေကျပ် ၉၃၀၀၀/-ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ၁ဧက အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၈၆၀၀၀၀/- ၁၃၂၅၀၀၀ ပျမ်းမျှ ရရှိကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် ဒေသတွင်းဝယ်ယူစားသုံးမှုအပြင် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက် ရှိပြီး ထိုမှတစ်ဆင့် ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။
DOCA (ဧရာဝတီ)