မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
မအူပင်ခရိုင်အနေဖြင့် စက်သုံးဆီဆိုင် (၅၀)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၃၀၈၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၃၁၉၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၇၀၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင် (၃၃၃၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
ယခု ဇန်နဝါရီလ (၂၀)ရက်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92)တစ်လီတာလျှင် (၃၁၄၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၃၂၁၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၈၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၄၃၅)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီ(92)တစ်လီတာလျှင် (၆၅)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၁၀၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၁၀၅) ကျပ်ဖြင့် ဈေးနှုန်းအသီးသီး အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီ ဆိုင်များမှ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)