မန္တလေးဆီထွက်သီးနှံမြေပဲဆံစျေးကွက်

Powered by Drupal

           မန္တလေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံအများအပြား စိုက်ပျိုးထွက်ရှိသည့်တိုင်းတစ်ခုဖြစ် ပြီး၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် မြေပဲသီးနှံကို မိုးမြေပဲနှင့် ဆောင်းမြေပဲ အဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ ပြည်တွင်း၌ မြေပဲသီးနှံမှာ ဆီကြိတ်ခွဲရာတွင် အဓိကသုံးစွဲ သကဲ့သို့ ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပြီး၊ မြေပဲအတောင့်၊ မြေပဲဆံ၊ မြေပဲအစိမ်း၊ မြေပဲလှော်၊ မြေပဲပြုတ်၊ မြေပဲကြော်၊မြေပဲဆံနှင့်တွဲဖက်သည့်သရေစာ မုန့်အမျိုးအမျိုးတို့တွင် သုံးစွဲ ကြောင်း တွေ့ရပါတယ်။ မြေပဲသီးနှံမှာ ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး၊ ဆေးဖက်ဝင်ကြောင်း သိရ ပါတယ်။ ဆီထွက်သီးနှံများ ပိုမိုထွက်ရှိနိုင်ရန်အတွက် မြေပဲ၊နှမ်းနှင့်နေကြာသီးနှံများအား ဆီထွက် သီးနှံအထူးအထွက်တိုးဇုန်များသတ်မှတ်၍ ပန်းတိုင်အထွက်နှုန်းရရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနမှ စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ နိုင်ငံတော်မှ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများမှ ကြိတ်ခွဲသည့် စားသုံးဆီများဖြင့် ပြည်တွင်းစားဆီ ဖူလုံမှုရှိစေရန်နှင့် စားဆီများတင်သွင်းမှုလျော့ချတင်သွင်းနိုင်ရန်အတွက် စိုက်ပျိုးထွက်ရှိသည့်ဆီ ထွက်သီးနှံများစျေးကွက်ရရှိရေးနှင့် စားဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးတို့အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ဆီစက်လုပ်ငန်းများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက် ချေးငွေများထုတ်ချေးသည့်လုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဆောင်ရွက် လျက် ရှိကြောင်း သိရပါတယ်။ ပြည်တွင်း၌ မြေပဲသီးနှံမှာ မြေပဲဆီကြိတ်ခွဲရာတွင် အဓိကသုံးစွဲသကဲ့သို့ ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပြီး၊ မြေပဲတောင့်၊ မြေပဲဆံ (အနီ/အဖြူ)၊မြေပဲလှော်၊ မြေပဲပြုတ်၊ မြေပဲကြော်နှင့် သရေစာမုန့်အမျိုးအမျိုးတို့တွင် မြေပဲသီးနှံအား သုံးစွဲကြောင်းသိရပါတယ်။ မြေပဲ သီးနှံမှာ ပရိုတင်းဓာတ်များစွာပါဝင်ပြီး၊ ဆေးဖက်ဝင်ကြောင်းသိရပါတယ်။ ပြည်တွင်းဒေသအသီး သီးမှ ထွက်ရှိသည့် ပဲ၊ပြောင်း၊ နှမ်းသီးနှံမျိုးစုံဝင်ရောက်လျက်ရှိသည့် မန္တလေးပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ဇန်နဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် မြေပဲအမျိုးအစားအလိုက်ပေါက်စျေးများမှာ တစ်တန်လျှင်မြေပဲလုံးဆံနီ (သစ်) ၅၂၀၅၃၁၅ ကျပ်နှင့် ၅၃၈၉၀၃၂ ကျပ်၊S1 လုံးဆံ(သစ်) ၅၄၁၉၆၅၂ ကျပ်၊ S1 ဆီဆံ ၅၂၆၆၅၅၄ ကျပ်နှင့် ၅၃၂၇၇၉၃ ကျပ်၊ အနီဆီဆံ ၅၁၄၄၀၇၆ ကျပ်နှင့် ၅၂၆၆၅၅၄ ကျပ်၊ တစ်ပိဿာ ပေါက်စျေးများမှာ မြေပဲလုံးဆံနီ(သစ်) ၈၅၀၀ ကျပ်နှင့် ၈၈၀၀ ကျပ်၊S1 လုံးဆံ(သစ်) ၈၈၀၀ကျပ်နှင့် ၈၈၅၀ ကျပ်၊ S1 ဆီဆံ ၈၆၀၀ ကျပ်နှင့် ၈၇၀၀ ကျပ်၊အနီဆီဆံ ၈၄၀၀ ကျပ်နှင့် ၈၆၀၀ ကျပ်တို့ အသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ စျေးနှုန်းအနေ ဖြင့်ရက်အလိုက်အနည်းငယ်ပြောင်းလဲမှုရှိနိုင်ကြောင်းသိရပါတယ်။မြေပဲသီးနှံမှာပြည်တွင်းစားသုံးဆီ ကြိတ်ခွဲထုတ်လုပ်ရာတွင် သာမကစားသောက်ကုန်အမျိုးမျိုးတို့တွင် ထည့်သွင်းအသုံးပြုခြင်းတို့ ကြောင့် တစ်နှစ်ပတ်လုံးပြည်တွင်းမြေပဲသီးနှံစျေးကွက်တွင်လိုအပ်ချက်များပြားသည့်အမယ်တစ်မျိုး ဖြစ်ပြီး၊ ပြည်ပသို့တင်ပို့သည့် စျေးကွက်ဝင်ဆီထွက်သီးနှံတစ်မယ် ဖြစ်ကြောင်း သိရပါတယ်။ 

DOCA(မန္တလေး)