မော်လမြိုင်ဘိလပ်မြေနှင့် ဓါတ်မြေသြဇာဈေးကွက်

Powered by Drupal

            မော်လမြိုင်မြို့၌ ယခု မေလ တတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်  ပုံမှန်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင် (အနီ)တစ်အိတ်လျှင် ကျပ် ၉၈၀၀၊ ဆင် (ထိုင်း) တစ်အိတ်လျှင် ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ် (အဝါ) တစ်အိတ်လျှင် ကျပ် ၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓါတ်မြေသြဇာမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။

          ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာ ယခုအပတ်တွင် ကွန်ပေါင်း ( မြန်မာသြဘာ‌ ရွှေကောမက်) ၁၅:15:15 50 kg ပါ တစ်အိတ်မှာ ကျပ် ၁၁၉၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:12 50 kg  ပါ တစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ကွန်ပေါင်း (Thai Grow How) 50kg ပါတစ်အိတ်မှာ ကျပ် ၁၁၀၀၀၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50 kg ပါ တစ်အိတ်မှာ ကျပ် ၆၈၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါ တစ်အိတ်မှာ ကျပ် ၉၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)