ကျောက်ဆည်ခရိုင်တွင် စပါး၊ပဲ၊နှမ်း၊ငရုတ်စသည့်သီးနှံများစိုက်ပျိုးမှုများသော်လည်း ပဲမျိုးစုံ အနက်မှ ပဲစဉ်းငုံသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ပဲစဉ်းငုံကို ကျောက်ဆည်မြို့နယ်တွင်(၁၄၈၃)ဧက၊ မြစ်သားမြို့နယ်တွင်(၂၅၆)ဧက ၊ စုစုပေါင်း(၁၇၃၉)ဧက စိုက်ပျိုးပြီး စဉ့်ကိုင်မြို့နယ်တွင် ပဲစဉ်းငုံ စိုက်ပျိုးခြင်းမရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ပဲစဉ်းငုံစိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသေားမျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း ၊ မိမိစိုက်ခင်းမှ မျိုးကိုချန်ပြီး စိုက်ပျိုးမှုရှိသလို စိုက်ပျိုးချိန်ရောက်မှဝယ်ယူ၍စိုက်ပျိုးကြကြောင်း ၊ ဇွန်၊ဇူလိုင်လများတွင်စတင်စိုက် ပျိုးကြပြီးယခုအချိန်တွင် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ၊ အထွက်နှုန်းအနေဖြင့် (၉-၁၀)တင်းခန့် ထွက်ရှိကြောင်း ၊ ယခင်နှစ် ပဲစဉ်းငုံစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၁၀၈၀၀၀/-)ကျပ် စျေးနှုန်း ရှိခဲ့ပြီး ယခုနှစ်တွင်(၉၅၀၀၀/-)ကျပ် စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ တောင်သူများမှ ပဲစဉ်းငုံများကို မြို့ပေါ်ရှိပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၆၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်မြတ်ကြောင်း ပဲစဉ်းငုံစိုက်ပျိုးသော ဖျောက်ဆိပ်ပင်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။
DOCA(မန္တလေး)