ငပုတောမြို့နယ်တွင် အခွန်လွတ်ဈေးများ ဖွင့်လှစ်ရောင်းချ

Powered by Drupal

          ကုန်ဈေးနှုန်းများမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရန်အတွက် ငပုတောမြို့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းရေးကော်မတီက ဒေါနလမ်းတွင် အခွန်လွတ်ဈေးကို ၂၀၂၄ ခုနှစ်၊ ၇လပိုင်းမှစတင်၍  အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

           ဖွင့်လှစ်ရောင်းချပေးလျက်ရှိသော  အခွန်လွတ်ဈေးတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့် သား/ ငါး အရောင်းဆိုင်များမှ တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်ပြီး၊ အခွန်လွတ်ဈေးများ ဖွင့်လှစ် ရောင်းချပေးခြင်းဖြင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအနေဖြင့် ဝယ်သူထံ ကြားပွဲစားမခံဘဲ တိုက်ရိုက်ရောင်းချနိုင်သောကြောင့် သီးနှံ/ သားငါး ထုတ်လုပ်ရောင်းချမှုအပေါ် အမြတ်အစွန်းရရှိနိုင် မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်သောကြောင့် နေ့စဉ်စားသောက်ရေးအတွက် ကုန်ကျစရိတ်ကာမိကာ ကုန်ဈေးနှုန်းကြီးမြင့်မှုများ လျော့နည်းသက်သာ လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)