ကြံခင်းမြို့နယ်တွင် ကြံစိုက်ပျိုးမှု

Powered by Drupal

             ဧရာဝတီတိုင်းဒေကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သုံး သီးနှံများကိုလည်းစိုက်ပျိုးကြကြောင်းသိရသည်။

             ကြံခင်းမြို့နယ်အတွင်းရှိ တစ်ချို့ကျေးရွာများတွင် တနိုင်တပိုင်စီးပွားရေးအဖြစ် ကြံများကိုလည်း စိုက်ပျိုးကြပါသည်။ ကြံခင်းမြို့နယ်တစ်ခုလုံးအနေဖြင့် ၂၈ ဧက စိုက်ပျိုးထားပြီး ထွက်ရှိသည့်ကြံများကို အဝယ်ဒိုင်များမှတစ်ဆင့် မြို့နယ်အတွင်းရှိ အအေးဆိုင်များနှင့် ဒေသတွင်းရောင်းဝယ်မှု ဖြစ်လျက်ရှိပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၂၁.၂၂ တန်ထွက်ရှိပြီး၊ ကြံတစ်ခင်းလျှင် အနည်းဆုံး ၂ နှစ်မှ ၄ နှစ်အထိ ရှင်သန်ကြီးထွားကြောင်း သိရှိရပါသည်။ ကုန်ကျစရိတ်အနေဖြင့် လမိုင်းခင်း (ယခင်နှစ်စိုက်ပျိုးခြင်း) တစ်ခင်းလျှင် ၇၇၀၀၀၀/-ကျပ်ခန့် ကုန်ကျပြီး၊ အခင်းသစ် (ယခု နှစ်စိုက်ပျိုးခြင်း) တစ်ခင်းလျှင် ၉၆၀၀၀၀/-ကျပ်ခန့် ကုန်ကျကြောင်း၊ အမြတ်အနေဖြင့် တစ်ဧက လျှင် ၁၀ သိန်းဝန်းကျပ်ခန့် ကျန်ရှိကြောင်း ကြံစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)