မန္တလေးဆီထွက်သီးနှံနှမ်းစျေးကွက်

Powered by Drupal

           ဆီထွက်သီးနှံဖြစ်သည့်နှမ်းသီးနှံမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့သည့်သီးနှံ တစ်မယ်ဖြစ်ပြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် နှမ်းသီးနှံကို နွေနှမ်း၊ မိုးနှမ်းနှင့် ဆောင်းနှမ်း (မိုးနှောင်းနှမ်း) အဖြစ် စိုက်ပျိုး လျက်ရှိကြောင်း သိရပါတယ်။ ပြည်တွင်း၌ နှမ်းသီးနှံအား ဆီကြိတ်ခွဲ၍နှမ်းဆီအဖြစ်စားသုံးခြင်း၊ နှမ်းလှော်ဆီမွှေး၊နှမ်းယို၊နှမ်းဖတ်၊နှမ်းလှော်နှင့် သရေစာမုန့်အမျိုးမျိုးတို့တွင် နှမ်းအားထည့်သွင်း စားသုံးကြောင်း တွေ့ရပါတယ်။ နှမ်းသီးနှံမှာ  ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး၊ ဆေးဖက်ဝင်ကြောင်း သိရပါတယ်။ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား  စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်း စားဆီဖူလုံမှုရှိစေရန်နှင့်စားဆီများတင်သွင်းမှုလျော့ချတင်သွင်းနိုင်ရန်အတွက်နိုင်ငံတော်မှတွန်းအား ပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။နှမ်းသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲသည့် အရေးကြီး ကုန်စည်တစ်မျိုးဖြစ်ပြီး၊ပြည်ပသို့ တင်ပို့သည့်စျေးကွက်ဝင်အမယ် တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ ထွက်ရှိသည့်ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ ဝင်ရောက်လျက်ရှိသည့်မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်ဇန်နဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ်လျက် ရှိသည့်နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ  ၃တင်းဝင်အိတ်(၄၅ ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ(ဗမာ)၃၄၅၀၀ဝိ/- နှင့် ၃၆၀၀၀ဝိ/-၊နှမ်းဖြူ(ဂျပန်) ၄၁၀၀၀ဝိ/-နှင့် ၄၂၀၀၀ဝိ/-၊နှမ်းညို(သစ်) ၃၀၅၀၀ဝိ/-နှင့် ၃၂၀၀၀ဝိ/-၊နှမ်းနက်(စမုံ) ၆၈၀၀၀ဝိ/- နှင့် ၇၇၅၀၀ဝိ/-၊ ပန်းနှမ်း၂၃၀၀၀ဝိ/-နှင့် ၂၄၀၀၀ဝိ/-၊ နှမ်းဖတ်တစ်ပိဿာလျှင် ၄၈၀ဝိ/-နှင့် ၄၉၀ဝိ/-တို့ အသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ စျေးနှုန်း အနေဖြင့် ရက်အလိုက်အနည်းငယ်ပြောင်းလဲမှုရှိနိုင်ကြောင်း သိရပါတယ်။ နှမ်းသီးနှံမှာ စားသုံးဆီ အဖြစ်ကြိတ်ခွဲခြင်းနှင့် သရေစာအမျိုးမျိုးတွင် သုံးစွဲခြင်းတို့ကြောင့် ပြည်တွင်း စျေးကွက်လိုအပ်ချက် များပြီး၊ပြည်ပသို့တင်ပို့သည့် စျေးကွက်ဝင်ဆီထွက်သီးနှံတစ်မယ် ဖြစ်ကြောင်း သိရပါတယ်။  

DOCA(မန္တလေး)