ကြောင်လျှာသီးတွင် အစိမ်းသီးနှင့် အညိုသီးဟူ၍ (၂)မျိုးခွဲခြားထားပါသည်။ အရသာသည် ခါးသက်သက်နှင့် ပူရှိန်းရှိန်းအရသာရှိပါသည်။ ကြောင်လျှာသီးအစိမ်းကို ပါးပါးလှီးပြီး သုတ်စား၍ လည်းကောင်း၊ အချဉ်စိမ်၍ ချဉ်ဖတ်အဖြစ်လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း၊ ကြော်ချက်၍ လည်းကောင်း စားသုံးကြပါသည်။ ကြောင်လျှာသီးသည် ဘက်တီးရီးယားများကို တိုက်ဖျက်ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိခြင်း၊ ရောင်းရမ်းမှုကိုသက်သာစေခြင်း၊ အသည်းကိုကျန်းမာစေခြင်း၊ ကျောက်ကပ်ကို ကျန်းမာစေခြင်း၊ ဆီးချိုကိုသက်သာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အစာခြေ စနစ်ကိုကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်းစသည့် ကျန်းမာရေးကိုများစွာ အထောက်အကူပြုသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ ဆေးဖက်ဝင်သည့် သီးနှံဖြစ်သော်လည်း ရောဂါ အခံရှိသူများ၊ ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့် ပုံမှန်ဆေးသောက်သုံးသူများ၊ နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်များအနေဖြင့် ချင့်ချိန်စားသုံးပေးသင့်ပါသည်။ ဆီးချိုရှိသူများအနေဖြင့် ဆီးချိုဆေး သောက်သုံးနေရပါက အလွန်အကျွံမစားမိစေရန် သတိပြုသင့်ပါသည်။
ပြည်ဈေးကွက်အတွင်းတွင် ကြောင်လျှာသီးတစ်တောင့်လျှင် (၃၀၀-၄၀၀)ကျပ်ဖြင့် ရောင်း ဝယ်နေကြောင်း သိရှိရပါသည်။ ကြောင်လျှာသီးကို ပြည်မြို့အနီးရှိ မှော်ဇာ၊ ကင်ပွန်းခြုံ ကျေးရွာနှင့် အခြားကျေးရွာများမှ ဝင်ရောက်ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)