ပဲပုဇွန်သီး(နွေပဲသီး)ကို လူတိုင်းစားသုံးလေ့ရှိကြပြီး နူးညံ့သောပဲတစ်မျိုးဖြစ်သည်။ ပဲသီးနုနု များကို အရည်သောက် ရေနွေးဖျော၍ပြုတ်စား ကြော်စားလေ့ရှိကြသည်။ အိမ်တွင်တစ်နိုင်တစ်ပိုင် စိုက်ပါကလည်း လွယ်ကူစွာစိုက်ပျိုးဖြစ်ထွန်းသည်။ စင်ထောင်၍သော်လည်းကောင်း ခြံစည်းရိုးများ တွင်ကပ်၍ သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။
ပဲပုဇွန်သီး (နွေပဲသီး)ကို နတ်တလင်းမြိုနယ် ကြို့ပင်သာကျေးရွာ၊ သရက်ပင်ကန်ရိုး ကျေးရွာ၊ လယ်ဦးစုကျေးရွာနှင့် ကျေးရွာအများစုတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ပဲပုဇွန်သီး ကိုသီတင်းကျွတ်လနှင့် တန်ဆောင်းမုန်းလများတွင် စိုက်ပျိုးကြသည်။ မြေဆွေးနှင့် အပေါ်ယံ မြေသားများရော၍ ကျင်းတူးကာ စိုက်ပျိုးကြသည်။ ကျင်းအလယ်တွင် (၄-၅)စေ့ခန့်ကို ထည့်၍စိုက် ပျိုးကြသည်။ အပင်ငယ်များ(၁)ပေခန့်ရှိပါက အပင်တက်ရန်တိုင်များထောင်ပေးကာ စင်ထိုးပေးရ သည်။ နေ့စဉ်ရေလောင်းပေးရသည်။ (၃)လအကြာတွင် အသီးစတင်သီးသည်။ (၄၅)ရက်ခန့် ဆက်တိုက်သီးသည်။ နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း ယခု၂၀၂၅ခုနှစ် ဇန်နဝါရီလ တတိယ ပတ်တွင်ပဲပုဇွန်သီး (နွေပဲသီး) တစ်ပိဿာလျှင် လက္ကား (၂၅၀၀)ကျပ်နှင့် လက်လီ (၁၀)သား လျှင် (၃၀၀)ကျပ်နှုန်းဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။
DOCA(ပဲခူး)