ဈေးကွက်အတွင်းဈေးနှုန်းတည်ငြိမ်လျက်ရှိသော အာလူး

Powered by Drupal

          ကယားပြည်နယ်တွင် လွိုင်ကော်မြို့တွင်ရောင်းချနေသောအာလူးများကို အောင်ပန်း မြို့မှတင်သွင်းလျှက်ရှိပြီး လွိုင်ကော်မြို့သီရီမဂႅလာဈေးတွင်ဈေးကွက်အတွင်း ရောင်းချလျှက် ရှိပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော အာလူးဈေးနှုန်းများမှာ အလုံးအကြီး၊အလုံး အလတ်နှင့်အလုံးအသေးဟူ၍ အရည်အသွေးအလိုက်ဈေးနှုန်းသတ်မှတ်လျှက်ရှိပြီး အာလူး အလုံးကြီးတစ်ပိဿာလျှင် (၇၅၀၀)ကျပ်မှ(၈၀၀၀)ကျပ်၊ အာလူးအလုံး လတ်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်မှ(၆၅၀၀)ကျပ် ၊အာလူးအလုံးသေး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်မှ (၅၀၀၀) ကျပ် အထိ ရောင်းချလျှက်ရှိပါသည်။ ယခင်အပတ် အာလူးဈေးနှုန်းနှင့် ယခုပတ်ဈေးနှုန်းနှိုင်းယှဉ်လျှင် ဈေးကွက်အတွင်းဈေးနှုန်းတည်ငြိမ်လျှက် ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ကယား)