ဘားအံမြို့ရေပေါ်ဈေးရှိ သခွားမွှေးသီး ဈေးနှုန်းအခြေအနေ

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် ပေါ်ဦးပေါ်ဖျား သခွားမွှေးသီးများ ဈေးကောင်းရလျက်ရှိကြောင်း သတင်းရရှိသည်။ သခွားမွှေးသီးကို ဘားအံမြို့အနီး တဝိုက်ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုး ကြပါသည်။ သခွားမွှေးသီးများသည် ကရင်ပြည်နယ်သို့ အခြားဒေသမှလည်း ဝင်ရောက်ကြောင်း သိရသည်။ သခွားမွှေးသီးများ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှု ရှိပါသည်။ သခွားမွှေးသီး အလုံးကြီးတစ်လုံးလျှင် (၅၀၀၀၊၆၀၀၀)ကျပ်၊ သခွားမွှေးသီး အလုံးသေး တစ်လုံးလျှင် (၂၀၀၀၊၃၀၀၀) ကျပ် တို့ဖြစ်ကြောင်း နှင့် သခွားမွှေးသီး စိုက်တောင်သူများ အနေဖြင့် ယခုနှစ် နှစ်စတွင်ပင် သခွားမွှေးသီး ဈေးကောင်းရ၍ တွက်ချေ ကိုက်လျှက်ရှိကြောင်း သိရသည်။

DOCA(ကရင်)