ပခုက္ကူမြို့၊ အောင်သပြေရပ်ကွက်ရှိ “ ဝင်းထူးအောင်” ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် ဒေသထွက်ကုန်မုန့်မျိုးစုံလုပ်ငန်းများ လုပ်ကိုင်လျက် ရှိရာ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည်  (၁၇.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ပြည်တွင်းအသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ပခုက္ကူမြို့၊ အောင်သပြေ ရပ်ကွက်ရှိ “ဝင်းထူးအောင်” ကိတ်မုန့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဈေးနှုန်း၊ ဈေးကွက်များ၊ လုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်များကို ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။   

          လုပ်ငန်းရှင်မှ ကိတ်မုန့်လုပ်ငန်းကို လုပ်ကိုင်သည်မှာ (၅၊ ၆)နှစ်ခန့်ရှိပြီဖြစ်ပြီး လုပ်ငန်းအစတွင် အခက်အခဲများစွာရှိသော်လည်း ယခုအချိန်တွင် ဖောက်သည်များစွာ ရရှိသောကြောင့် လုပ်ငန်း သည် ပို၍တွင်ကျယ်လာကြောင်း၊ ကိတ်မုန့်လုပ်ငန်းကို သန့်ရှင်းသပ်ရပ်စွာ လုပ်ကိုင်သောကြောင့် ပခုက္ကူမြို့ တွင် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။ ၎င်းနောက် ကိတ်မုန့်လုပ်ကိုင်ပုံအဆင့်ဆင့်ကို ရှင်းပြရာ ပထမဦးစွာ ဗန်းထဲကို ဂျုံ(၅၀)ကျပ်သားထည့်၍  ကြက်ဥ(၁၀)လုံး၊ ဆီ(၁၀)ကျပ်သား၊ သကြား၊ ရေတို့ဖြင့်  သမအောင် ရောစပ်ပြီးနယ်ရကြောင်း၊  နယ်ပြီးသားမုန့်ဗန်းများကို မုန့်ဖုတ်စက်ထဲသို့ထည့်၍ (၄၅)မိနစ်ခန့် ကြာအောင် မီးဖုတ်ရကြောင်း၊ စက်ထဲသို့ တစ်ကြိမ်ဖုတ်လျှင်  (၅)ဗန်းထည့်၍ရကြောင်း၊ ထို့နောက် ကျက်ပြီးသား ကိတ်မုန့်များကို ဆီသုတ်၍ အအေးခံပြီး ပါကင်ဗူးထဲသို့ထည့်၍ ထုတ်ပိုး ကြောင်း၊ လုပ်သားအင်အားအနေဖြင့် (၃)ဦးရှိပြီး တစ်ဦးလျှင် လုပ်အားခ ကျပ်(၇၀၀၀ - ၁၀၀၀၀) ပေးရပြီး မိသားစုဝင်များ ကိုယ်တိုင်လည်း ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ကိတ်မုန့်တစ်ဘူးလျှင် လက်ကားဈေး ကျပ်(၂၁၀၀)၊ လက်လီဈေး ကျပ် (၂၅၀၀)ဖြင့် ရောင်းချပြီး၊ ပခုက္ကူမြို့မဈေးသို့ အများဆုံးဖြန့်ဖြူးရောင်းချပြီး ယောနယ်ဖြစ်သော ကျောက်ထုမြို့၊ မြိုင်မြို့သို့လည်း လမ်းပန်းအဆင်ပြေ၍ အမှာရှိလျှင် တင်ပို့ရောင်းချပါကြောင်း၊ ရောင်းအားအနေဖြင့် တစ်လလျှင် ကိတ်မုန့်ဘူး(၁၅၀၀)ခန့်ရောင်းရကြောင်း၊ ဆီကြော်မုန့်နှင့် ကြက်ဥ ကိတ်မုန့်များကိုလည်း ထပ်မံ၍ တိုးချဲ့ထုတ်လုပ်နေပြီဖြစ်ကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရ သိရှိရ ပါသည်။

DOCA(မကွေး)