မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲဇီးကွက်၊ ပဲလွန်းပြာ ပဲယင်းဝါနှင့် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစဉ်းငုံနီကို ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပဲစဉ်းငုံနီကို သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး သက်ကြီး၊ သက်လတ်မျိုးများကို အများဆုံးစိုက်ပျိုးကြသည်။ ယခုတစ်ပတ်တွင် ပဲစဉ်းငုံနီ(သစ်)များ စတင် ဝင်ရောက်နေပြီး ဈေးနှုန်းများမှာလည်း ယခင်တစ်ပတ်ထက် ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သော ပဲစဉ်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ်(၉၆၀၀၀)၊ (ဒုတိယပတ်)တွင် ကျပ်(၉၄၂၀၀)၊ (တတိယပတ်) တွင် ကျပ်(၉၁၀၀၀)ဖြစ်ပြီး (ပထမပတ်)နှင့် (တတိယပတ်)နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၅၀၀၀) ခန့် ကျဆင်းနေကြောင်း၊ အရောင်းအဝယ်ဖြစ်မှုမှာ နေ့စဉ်အိတ်ရေ(၃၀၀ မှ ၁၂၀၀ ထိ) ဖြစ်လျက်ရှိပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ရွှေပြည်သာသို့ အိတ်ရေ(၂၇၀၀)ခန့် တင်ပို့လျက်ရှိကြောင်း ကုန်လမ်းပို့ဆောင် ရေးနှင့်ကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)