တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်နေ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းများလုပ်ကိုင်ကြရာ နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးရောင်းချကြပြီး ယခုအချိန်တွင် ရာသီပေါ်သီးနှံအဖြစ် နာနတ်သီးပေါ်ချိန် ဖြစ်သည့်အတွက် တောင်သူများက နာနတ်သီးများ ခူးဆွတ်ရောင်းချရာမှ မိသားစုစားဝတ် နေရေး အတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သရက်ချောင်းမြို့ပေါ်နေ စိုက်ပျိုး တောင်သူ များထံမှသိရှိရပါသည်။ နာနတ်သီးကို ယခုလပိုင်းများတွင် စတင်ခူးဆွတ်ပြီး ဈေးကွက် အတွင်းသို့ ရောင်းချကြပါသည်။ လက်ရှိစည်ပင်သာယာဈေးနှင့် ဈေးငယ်များတွင် နာနတ်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်မှ(၃၅၀၀)ကျပ်အတွင်းရှိပြီး ဈေးကောင်းလျက်ရှိကြောင်းသိရှိရ ပါသည်။
DOCA(တနင်္သာရီ)