ကန့်ဘလူမြို့နယ်အတွင်းရှိ ပန်းဂေါ်ဖီ ဈေးနှုန်း အခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ပန်းဂေါ်ဖီကို စိုက်ပျိုးကာ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ရှိ ဈေကွက် အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ပန်းဂေါ်ဖီများကို ယခင်လများက မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလဖြစ်သည့်  ဒီဇင်ဘာလ နှင့် ဇန်နဝါရီလများတွင် ဒေသတွင်းမှ လှိုင်လှိုင်ထွက်ရှိသည့် ပန်းဂေါ်ဖီများကိုသာ ဝယ်ယူရောင်း ချလျက်ရှိပါကြောင်း၊ ပန်းဂေါ်ဖီပွင့်များ အပွင့်အကြီး/အ‌သေး ဗြွန်ဝယ်ယူကာ ဖောက်သည်ဈေး နှုန်းအနေဖြင့် ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၁၅၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး ဈေးကွက်အတွင်းသို့ ပြန်လည်ရောင်းချသည့် ဈေးနှုန်းမှာ ပန်းဂေါ်ဖီအပွင့် အကြီး/ အသေး ပေါ် မူတည်၍ တစ်ပွင့်လျှင် (၁၅၀၀/ ၁၈၀၀/၂၀၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)