ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် အလန်းကျေးရွာ၌ ဗုံလုံသီးစိုက် တောင်သူများရှိသဖြင့် နှစ်စဉ်စိုက်ပျိုးကြောင်း သိရသည်။ မအူပင်ခရိုင်အနေဖြင့် ဟင်းသီးဟင်းရွက် စိုက်ဧက ၁၄၃၆၅ ဧက ဆောင်းရဦသီတွင် စိုက်ပျိုးပြီး မအူပင်မြို့နယ် အနေဖြင့် ၁၃၀၂၃ စိုက်ပျိုးပြီးဖြစ်ပြီး ၉၀၅၀ ထွက်ရှိပြီ ဖြစ်ကြောင်း မြို့နယ် စာရင်းများအရ သိရသည်။
စိုက်ပျိုးရာ ဗုံလုံသီးပင်ကို ၁၀လန် ၂ခွက်တွင် အပင် ၈၀၀ခန့် စင်ဖြင့် စိုက်ပျိုးပြီး ဒေသမျိုးစေ့ တစ်စေ့ကို ကျပ် ၅၀ နဲ့ ဝယ်ပြီး စိုက်ပျိုးရသည်။ သီတင်းကျွတ်လမှာ စတင်စိုက်ပြီး ပြာသိုလမှာ အသီးပေါများစွာ ရပါပြီ၊ ထွက်ရှိမှု အနေဖြင့် စိုက်ဧကအပေါ်တွင် ဗုံလုံသီး အတောင့်ရေ ၂၅၀၀လောက် ထွက်ရှိကြောင်းသိရသည်။ စိုက်ပျိုးစားရိတ် ရင်းနှီးမြုပ်နှံမှုငွေ ကျပ် ခုနှစ်သိန်း ကုန်ကျကြောင်း သိရသည်။ ဈေးနှုန်း အနေဖြင့် ဗုံလုံသီး ၁၀၀တောင်စီး တစ်စီးကို လက်ကားဈေး ငွေကျပ် ၆၀၀၀၀ရောင်းချရပြီး၊ တစ်တောင့်ကို လက်လီဈေး ၇၀၀-၈၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ အကျိုးအမြတ် ဆယ်ငါးသိန်းခန့် ရရှိ၍ ရှစ်သိန်းခန့် အကျိုးအမြတ်ရရှိသည်ဟု ဗုံလုံစိုက်ပျိုးသူ ဦးသိန်းမှ ပြောပြချက်အရသိရသည်။
မအူပင်မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ ကျေးရွာများတွင် သခွား၊ မုန်လာဥ။ ပဲတောင့်ရှည်၊ ဗူးသီး၊ ကြက်ဟင်းခါးသီး၊ ဖူးစားပြောင်း၊ ငရုတ်၊ ကွမ်း၊ ခရမ်းချဉ်သီး၊ ငါးရံခြောက်လုပ်ငန်း ငါးခြောက်ပြားရောင်းချခြင်း သီးနှံရောင်းချသူများကိုတွေ့ရှိရပြီး ကျေးရွာရှိ မီးဖိုချောင်သုံး ရာသီပေါ်သီးနှံပင်များကို အများအပြား စိုက်ပျိုးကြပြီး ရန်ကုန်သို့ အဓိကထား တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)