စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေးတွင် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချရာ မွေးမြူရေးကြက် အကောင်အရှင်များကို ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဈေး တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်နှင့် ဗမာကြက် တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူများထံသို့ ရောင်းချသည့် ကြက်သားဈေးနှုန်းများမှာ ဇန်နဝါရီလ တတိယပတ်၏ ကြက်သားဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် မွေးမြူရေးကြက်သား ဈေးနှုန်းများမှာ လက္ကားဈေး(၂၀၀၀၀)ကျပ်၊ လက်လီဈေး (၂၂၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး(၃၅၀၀၀)ကျပ် နှင့် ကြက်အရိုးအစုံ ဈေးနှုန်းအနေဖြင့် လက်လီဈေး (၁၆၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုထ္ထပတ်၏ ကြက်သားဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် မွေးမြူရေးကြက်သား ဈေးနှုန်းများမှာ လက္ကားဈေး(၂၀၀၀၀)ကျပ်၊ လက်လီဈေး (၂၂၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီ ဈေး(၃၅၀၀၀)ကျပ် နှင့် ကြက်အရိုးအစုံ ဈေးနှုန်းအနေဖြင့် လက်လီဈေး(၁၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ် ကြည့်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)