ဆန်၊ပဲ၊ပြောင်းနှင့်စားဖိုဆောင်သီးနှံများ ပုံမှန် စီးဝင်/စီးထွက်လျှက် ရှိ

Powered by Drupal

            ကယားပြည်နယ်တွင် အခြားဒေသများမှ ကုန်စည်စီးဆင်းမှုနှင့် အခြားဒေသများသို့ ကုန်စည်တင်ပို့မှုများရှိပြီး မေလဆန်းပိုင်းမှ မေလ တတိယပတ်အတွင်း ဆန်၊ပဲ၊ပြောင်းအနေဖြင့် မန္တလေး၊ ရန်ကုန်မှ ဆန်တင်သွင်းမှု မှာ (၁၆၂၅) အိတ်၊ မန္တလေးသို့ ဆန်တင်ပို့မှုမှာ ဆန်(၂၂၀) အိတ်၊ ဆန်ကွဲ (၈၀) အိတ်၊ မန္တလေး ၊မြဝတီသို့ ‌ပြောင်းတင်ပို့မှုမှာ ပြောင်း(၃၇၇၃) အိတ်၊ မျိုးပြောင်းတင်သွင်းမှု (၁၅၀) အိတ်၊ ပဲစဉ်းငုံ (၁၂၉၉)အိတ်၊ ပဲပုတ် (၂၉၂) အိတ်၊ မြေပဲ (၃၈၀) အိတ် တင်ပို့နိုင်ကြောင်း မိတ္တီလာ ၊ ကျောက်ပန်းတောင်းမှ စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ (၆၅၀၀) အိတ် ဝင်ရောက်ပြီး လွိုင်ကော်မှ ငှက်ပျော (၇၅၀၀) ဖီး တင်ပို့နိုင်ခဲ့ကြောင်း၊ ဆန်၊ ပဲ၊ ပြောင်းနှင့် စားဖိုဆောင်သီးနှံများ ပုံမှန် စီးဝင်၊ စီးထွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA(ကယား)