ဧရာ၀တီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန် ပုသိမ်ထီးလုပ်ငန်း

Powered by Drupal

          ဧရာ၀တီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်များတွင် တစ်ခုအပါအ၀င်ဖြစ်သော ပုသိမ်ထီး စျေးကွက်မှာ ပြည်တွင်း/ပြည်ပစျေးကွက်ရှိပြီး ပြည်တွင်းစျေးကွက်မှာ ငွေဆောင်၊ ချောင်းသာ၊ ငပလီကမ်းခြေသုံး ထီးများ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင်မြို့များရှိ ဟိုတယ် များတွင်လည်း အလှဆင်ထီးများ အသုံးပြုလျက် ရှိကြောင်းသိရှိရသည်။

          ပုသိမ်ထီးပြုလုပ်ရာတွင် သစ်၊ ထီးရိုးဝါး၊ သရကူဝါး၊ တယ်သီး၊ ဖဲဖျင်၊ ပိတ်စ ပြည်တွင်း ဒေသထွက်ကုန်များကို အသုံးပြု၍ ပြုလုပ်ပြီး ပြည်ပနိုင်ငံမှ ဝယ်ယူသည့် ကုန်ကြမ်းပစ္စည်းများ မပါဝင်ဘဲ မြန်မာအနုပညာကို ဖော်ထုတ်ထားသည့် ဆေးဆိုးခြင်း၊ ပန်းချီရေးဆွဲခြင်း စသည်တို့ဖြင့် အလှဆင် ထားပြီး ထီးတစ်ချောင်းလုံးကို လက်ဖြင့်သာ ပြုလုပ်ထားသောကြောင့် ပြည်ပနိုင်ငံသားများ ​Hand Made လက်မှုအနု ပညာတစ်ခု အနေဖြင့် လူကြိုက်များကြောင်း၊ ပုသိမ်ထီးပြုလုပ်ရာတွင် ရဟန်းဆောင်းထီး ၊ သီလရှင် ဆောင်းထီး၊ အလှဆောင်းထီး၊ မိုးရေခံ ထီး၊ အိမ်တော်ရာထီး၊ စားပွဲတင်ထီး၊ မီးအိမ်ထွန်းထီး၊ ဟိုတယ်အလှဆင်ထီး၊ ကမ်းခြေသုံးထီး အမျိုးမျိုးပြုလုပ် ရောင်းချလျှက်ရှိပြီး ယခု လက်ရှိအချိန် ရှင်ပြု၊ နားသများတွင် အသုံးပြုရန် ၁၄” အလှဆောင်းဖဲထီးများကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ပုဂံ၊ ညောင်ဦးမြို့များမှ မှာယူလျှက် ရှိကြောင်း ပုသိမ်မြို့၊ ရွှေစာထီးလုပ်ငန်းမှ သိရှိရသည်။

DOCA(ဧရာဝတီ)