ဈေးကွက်အတွင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

        ကယားပြည်နယ်တွင် ဆန်စပါး၊ ပြောင်းကို အဓိကစိုက်ပျိုးပြီး အခြားသီးနှံများကိုလည်း သီးထပ်၊သီးညှပ်အဖြစ် စိုက်ပျိုးကြရာ ယခုအချိန်သည် သီးနှံစိုက်ပျိုးရာသီချိန် ရောက်ပြီဖြစ်သဖြင့်  ဈေးကွက်အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး             ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ပုလဲတစ်အိတ်လျှင် (၉၀၀၀၀) ကျပ်၊မြှားတံဆိပ် ကွန်ပေါင်း တစ်အိတ်လျှင် (၇၀၀၀၀)ကျပ်၊ ပိုတက်တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ ရွှေကောင်းသီးနှံ တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်၊ နဂါးနီ တစ်အိတ်လျှင် (၂၅၀၀၀)ကျပ်၊ ကူကြာကူ တစ်အိတ်လျှင် (၉၅၀၀၀) ကျပ်၊ ၉၉၉ တစ်အိတ်လျှင် (၇၂၀၀၀) ကျပ် ဈေးနှုန်းရှိပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို (star)250CC (၇၀၀၀) ကျပ်နှင့် 500CC (၁၁၀၀၀) ကျပ် ၊ Rocket 500CC (၁၂၅၀၀)ကျပ်၊   ဆိုင်ကလုန်း 500CC(၁၂၀၀၀)ကျပ်၊ ဆိုင်သာမတ် 500CC (၁၃၀၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ရွှေပြည်ဟိန်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်မှ သိရပါသည်။

DOCA(ကယား)