ယခုအခါ ကော်ဖီရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံဒေသမှထွက်ရှိသော ကော်ဖီသီးမှည့်များကို Export ကုမ္ပဏီများနှင့် ကော်ဖီလုပ်ငန်း လုပ်ကိုင် ကြသောလုပ်ငန်းရှင်များက စတင်ဝယ်ယူနေကြောင်း သိရှိရပါသည်။ လက်ရှိတွင် ရွာငံဒေသထွက် အရည်အသွေးကောင်းမွန်သော ကော်ဖီသီးမှည့်များကို ကော်ဖီလုပ်ငန်းလုပ်ကိုင်ကြသော လုပ်ငန်း ရှင်များက ဈေးကောင်းပေး၍ ဝယ်ယူလျက်ရှိနေကြောင်း သိရသည်။ ကော်ဖီသီးမှည့်အစို တစ်ပိဿာ လျှင် (၇၀၀၀-၈၀၀၀)ကျပ် ရှိပြီး ကော်ဖီသီးအခြောက် တစ်ပိဿာလျှင် (၄၀၀၀၀-၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။ ရွာငံဒေသထွက်ကော်ဖီများသည် ကမ္ဘာ့အဆင့်မီ Special Coffee အဆင့် အသိအမှတ်ပြုခံထားရပြီးဖြစ်ရာ မိမိတို့ အမှတ်တံဆိပ်များနှင့် ကော်ဖီကုန်ချောများ ကမ္ဘာ့ ဈေးကွက်တွင် နေရာရရှိလာနိုင်ရေးအတွက် ကြိုးပမ်းသွားကြရန် လိုအပ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။
DOCA(ရှမ်း)