သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး ၊လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် မေလ (၁၁) ရက်နေ့မှ မေလ (၁၆) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဖျာပုံမှ နှင်းသီး အလုံးကြီး အလုံး ၁၅၀ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၀၀၀၀၊ ကျိုက်ကော် မှ နာနတ်သီး အလုံးကြီး ၁လုံးလျှင် ကျပ် ၁၅၀၀ မှ ၁၂၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၁၀၀၀ မှ ၈၀၀ ၊ အလုံးသေး ၁လုံးလျှင် ကျပ် ၆၀၀ မှ ၄၀၀၊ ဗန်းမော်၊ ကသာ မှ ဖရဲသီး (855) အလုံးကြီး ၁လုံးလျှင် ကျပ် ၆၀၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၄၀၀၀၊ အလုံးသေး ၁လုံးလျှင် ကျပ် ၃၀၀၀ ၊ သဲတော၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ၁လုံးလျှင် ကျပ် ၂၅၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၁၅၀၀၊ အလုံးသေး ၁လုံးလျှင် ကျပ် ၁၀၀၀ ၊  မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ၁လုံးလျှင် ကျပ် ၅၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၃၀၀၊ အလုံးသေး ၁လုံးလျှင် ကျပ် ၂၀၀၊ မန္တလေး(ပေါ်တော်မူ) မှ သရက်သီး (စိန်တလုံး) အလုံးကြီး အလုံး ၅၀ ပါ တစ်ခြင်းလျှင် ကျပ် ၁၇၀၀၀၊ အလုံးလတ် အလုံး ၇၀ ပါ တစ်ခြင်းလျှင် ကျပ် ၁၄၀၀၀၊ အလုံးသေး အလုံး ၈၅ ပါ တစ်ခြင်း လျှင်ကျပ် ၁၀၀၀၀ ၊ မအူပင်(ရွှေတောင်ပေါ်) မှ သရက်သီး (ရင်ကွဲ) အလုံးကြီး အလုံး ၈၀ လုံးပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၂၀၀၀၊ အလုံးလတ် အလုံး ၉၀ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၀၀၀၀၊ အလုံးသေး အလုံး ၁၀၀ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၈၀၀၀၊ မအူပင်(ရွှေတောင်ပေါ်) မှ သရက်သီး (မချစ်စု) အိတ်စွပ် အလုံးကြီး အလုံး ၅၀ လုံးပါ တောင်းတစ်တောင်းလျှင် ကျပ် ၄၅၀၀၀၊ အလုံးလတ် အလုံး ၆၀ ပါ တောင်းတစ်တောင်း လျှင်ကျပ် ၃၀၀၀၀၊  အလုံးသေး အလုံး ၈၀ ပါ တောင်းတစ်တောင်းလျှင်   ကျပ် ၂၀၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ ၅ ပိဿာတစ်ခြင်းလျှင် ကျပ် ၃၀၀၀၀၊ (၁၀) ကျပ်သား၁ဗူးလျှင် ကျပ် ၇၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)