ဈေးပြန်အေးလာတဲ့ ဟင်္သာတမတ်ပဲ

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် ဆောင်းသီးနှံမတ်ပဲ စိုက်ဧက လေးသိန်းကျော် စိုက်ပျိုးပြီး ၊ ပဲသစ်စတင်ထွက်ရှိချိန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲတစ်တင်းလျှင် ၄၀၀၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ၊ မတ်လနောက်ဆုံးပတ်တွင် ၄၉၇၀၀ ကျပ်ဈေးထိ အမြင့်ဆုံးရရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှ မတ်ပဲကို အဓိကဝယ်ယူနေသည့် အိန္ဒိယနိုင်ငံ၏ မတ်ပဲတင်သွင်းခွင့်ကာလကို ၂၀၂၃ ခုနှစ် မတ်လထိတိုးမြှင့်လိုက်ပြီးနောက် မတ်ပဲဈေးမှာ တဖြည်းဖြည်းအေးသွားပြီး ဈေးကျဆင်းလာခဲ့ပါသည်။ ဧပြီလကုန်တွင် ၄၇၈၀၀ထိ ကျဆင်းလာပြီး၊ မေလဒုတိယပတ်တွင် ၄၇၅၀၀ ကျပ်၊ တတိယပတ် (၁၉.၅.၂၀၂၂)  တွင် ၄၆၇၀၀ ထိ ကျဆင်းလာခဲ့ပါသည်။ ဟင်္သာတကုန်စည်ဒိုင်တွင် နေ့စဉ် အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရန်ကုန်အဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA ((ဧရာဝတီ)