အင်ဒိုနီးရှားပရိဘောဂနှင့်လက်မှုပစ္စည်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၂.၂၂ ဘီလီယံအထိရောက်ရှိခဲ့

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံမှ ပရိဘောဂနှင့်လက်မှုပစ္စည်းများ ကမ္ဘာ့စျေးကွက်သို့တင်ပို့မှုတန်ဖိုးသည် ၂၀၂၄ ဇန်နဝါရီမှနိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၂.၂၂ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso မှ ၂၃.၁.၂၀၂၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ သည်။ ဤအောင်မြင်မှုသည် ကမ္ဘာ့ဝယ်လိုအား ၁၅.၀၉ ရာခိုင်နှုန်းတိုးလာခြင်းကြောင့်ဟု ဝန်ကြီးမှ သုံးသပ်ခဲ့သည်။ ကမ္ဘာ့ပရိဘောဂနှင့်လက်မှုပစ္စည်းဝယ်လိုအားဆက်လက်တိုးတက်နေမှုအား အားရ ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ Budi ၏ အဆိုအရအင်ဒိုနီးရှားသည်အမေရိကန်၊ ဂျပန်၊ နယ်သာလန်၊ ဂျာမနီနှင့် ဘယ်လ်ဂျီယံတို့တွင် ဝယ်လိုအားတောင့်တင်းသောထုတ်ကုန်များဖြင့် ကမ္ဘာ တစ်ဝှမ်း ပရိဘောဂတင်ပို့မှုမှာ ယခုနှစ်အတွက်နိုင်ငံ၏ စုစုပေါင်းပို့ကုန်တိုးတက်မှု ၇.၁ ရာခိုင်နှုန်းသို့ ရောက်ရှိရန်ဟူသော ရည်မှန်ချက်ကိုများစွာအထောက်အကူပြုမည်ဟု အကောင်းမြင်ကြောင်း ဝန်ကြီး Budi Santoso မှ ဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)