ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၂၂.၁.၂၀၂၅) ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၁)ရပ်ကွက်ရှိ “ဝင်း” မိသားစု သင်ဖြူးဖျာရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး သင်ဖြူးဖျာ ယက်လုပ်ပုံအဆင့်ဆင့်နှင့် တင်ပို့ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် “ဝင်း”မိသားစုသင်ဖြူးဖျာရောင်းဝယ်ရေး လုပ်ငန်းရှင်သည် ထိုလုပ် ငန်းကို ၂၀၁၀ ခုနှစ်မှ စတင်လုပ်ကိုင်လျက်ရှိပြီး ယခုအချိန်ထိ တွင်ကျယ်စွာ ရောင်းချလျက်ရှိပါ သည်။ သင်ဖြူးဖျာကို ကိုယ်တိုင်ယက်လုပ်လျက်ရှိပြီး လုပ်သားတစ်ဦးလျှင် တစ်နေ့ပျှမ်းမျှ (၁)ချပ် နှုန်းယက်လုပ်နိုင်ပါသည်။ ကုန်ကြမ်းပစ္စည်း(သင်မ)ကို ပန်းတနော်မြို့မှအများဆုံးမှာယူပြီး ဒေသ တွင်း ထွက်ရှိသော သင်မ များကိုလည်း ဝယ်ယူထုတ်လုပ်လျက်ရှိကြောင်းသိရှိရပါသည်။ သင်ဖြူးဖျာ ပြုလုပ်ရာတွင် စိတ် ၊ ငယ် ၊ ယပ် ၊ ချုပ် ၊ ကွတ် စသည့်အဆင့်အလိုက်အနေဖြင့် (၅)ဆင့် ပြုလုပ် ရပါသည်။ ကုန်ကျစရိတ်နည်းပါးသည့် ဒေသအိမ်တွင်းမှု လုပ်ငန်းဖြစ်ပါသည်။ တင်ပို့ရောင်းချရာတွင် ထိုင်ဖျာ တစ်ချပ်လျှင် ၇၀၀၀/- ကျပ်၊ တစ်ယောက်အိပ် ၃ ပေခွဲ ၆ပေ တစ်ချပ်လျှင် ၂၅၀၀၀/- ကျပ်မှ ၃၀၀၀၀/-ကျပ်ကြား၊ ကုတင်ခင်းဖျာ ၅ ပေခွဲ ၆ ပေ တစ်ချပ်လျှင် ၅၅၀၀၀/-ကျပ်ဝန်းကျင်နှင့် ၆ ပေ ၆ ပေခွဲ တစ်ချပ်လျှင် ၆၅၀၀၀/-ကျပ်မှ ၇၀၀၀၀/-ကျပ် ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့တင်ပို့ရောင်းချလျက်ရှိပြီး ၁၂လ ရာသီဒေသပွဲတော်များတွင်လည်း ရောင်းချလျက်ရှိပါသည်။ ဒေသတွင်းအသုံးပြုမှုများသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)