စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၀.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့၊ အိုင်သပြုကျေးရွာရှိ “ကောင်းကင်ကြယ်”ပဲမျိုးစုံ ဝယ်ယူရေးလုပ်ငန်းသို့ ကွင်းဆင်းလေ့လာခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ပဲရောင်း ဝယ်ရေးလုပ် ငန်းရှင်နှင့်တွေ့ဆုံ၍ လေးမျက်နှာမြို့နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ်ထွက် မတ်ပဲသီးနှံအပေါ် ဈေးနှိမ် ဝယ်ယူမှု ရှိ/မရှိ၊ လက်ရှိဝယ်ယူနေသော ကွင်းပေါက်ဈေး၊ ပွဲရုံအရောက်ဈေးများအား မေးမြန်း ဆွေး နွေးခဲ့ပါသည်။ ဒေသတွင်း ကုန်သည်များအနေဖြင့် တောင်သူများအပေါ် ဈေးနှိမ်ဝယ်ယူမှုမရှိ ကြောင်း၊ ကာလပေါက်ဈေး၊ ဒေသပေါက်ဈေးများဖြင့်သာ ဝယ်ယူလျက်ရှိကြောင်း စိစစ်တွေ့ရှိရ သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)