Main menu

လေးမျက်နှာမြို့နယ် “ကောင်းကင်ကြယ်”ပဲမျိုးစုံဝယ်ယူရေးလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၀.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင်  လေးမျက်နှာမြို့၊ အိုင်သပြုကျေးရွာရှိ “ကောင်းကင်ကြယ်”ပဲမျိုးစုံ ဝယ်ယူရေးလုပ်ငန်းသို့ ကွင်းဆင်းလေ့လာခြင်းကိုဆောင်ရွက်ခဲ့ပါသည်။ 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ပဲရောင်း ဝယ်ရေးလုပ် ငန်းရှင်နှင့်တွေ့ဆုံ၍ လေးမျက်နှာမြို့နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ်ထွက် မတ်ပဲသီးနှံအပေါ် ဈေးနှိမ် ဝယ်ယူမှု ရှိ/မရှိ၊ လက်ရှိဝယ်ယူနေသော ကွင်းပေါက်ဈေး၊ ပွဲရုံအရောက်ဈေးများအား မေးမြန်း ဆွေး နွေးခဲ့ပါသည်။ ဒေသတွင်း ကုန်သည်များအနေဖြင့် တောင်သူများအပေါ် ဈေးနှိမ်ဝယ်ယူမှုမရှိ ကြောင်း၊ ကာလပေါက်ဈေး၊ ဒေသပေါက်ဈေးများဖြင့်သာ ဝယ်ယူလျက်ရှိကြောင်း  စိစစ်တွေ့ရှိရ သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)