ဆေးဆိုင်နှင့် စားသုံးဆီ အရောင်းဆိုင်များမှ ရောင်းချနေသော ကုန်စည်များကို စစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊​ မအူပင်ခရိုင်၊  ပန်းတနော်နယ်အတွင်းရှိ ​ဆေးဆိုင်များနှင့် စားသုံးဆီဆိုင် များအား မအူပင်ခရိုင် (FDA)၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ ၂၄.၁.၂၀၂၅ ရက် နေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်​​ဆေးရာတွင်​ဆေးဆိုင်များအားစစ်​ဆေးရာ၌ ပန်းတနော်ဘုရင့်နောင်လမ်းမပေါ်ရှိ ဆေးဆိုင်နှင့် ကုန်မျိုူစုံဆိုင် (၅)ဆိုင်၊ အရှေ့ပိုင်းရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်နှင့် ဆေးဝါး ရောင်းချဆိုင်(၄)ဆိုင်တို့မှ ရောင်းချသူလုပ်ငန်းရှင်များကို စစ်ဆေးရေးတာဝန်ရှိသူတို့က ဆေးဝါးရောင်းချ ခွင့်လိုင်စင် ရှိ/မရှိ၊ ရောင်းချ​သော ဆေးဝါးများတွင်အ ညွှန်းများတပ်ဆင်မှု ရှိ/မရှိ၊ (FDA)မှတားမြစ်ထား​သော ​ဆေးဝါးများ​အား ရောင်းချခြင်း ရှိ/မရှိ စစ်​ဆေးခဲ့​ပြီး ပြည်တွင်းထုတ်အမှတ် တံဆိပ်ပါစားသုံးဆီများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုများနှင့်ပတ်သက်၍ FDA ထောက်ခံချက် ရှိ/မရှိ၊ ဈေးကွက်အတွင်း အမှတ်တံဆိပ်ပါရောနှောဆီ (Blended OIL) ဖြန့်ဖြူးရောင်းချမှုများအား မြေပြင်ကွင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဌာနများ၏ အမိန်ညွှန်ကြားချက်နှင့် လမ်းညွှန်ချက်များအတိုင်း ကုန်စည်များကို ဦးစားပေးရောင်းချရန်၊ လိုက်နာဆောင်ရွက်မှု မရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွား မည်ခြင်းဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်​ဆေးမှုကို မအူပင်ခရိုင် (FDA) မှ ဦးစီးအရာရှိ နှင့် အဖွဲ့ဦးဆောင်၍ မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်  မြို့နယ်စည်ပင်သာယာ​ရေး အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ​ဆောင်ရွက်ခဲ့​ခြင်း​ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)