ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်နယ်အတွင်းရှိ ဆေးဆိုင်များနှင့် စားသုံးဆီဆိုင် များအား မအူပင်ခရိုင် (FDA)၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ ၂၄.၁.၂၀၂၅ ရက် နေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင်ဆေးဆိုင်များအားစစ်ဆေးရာ၌ ပန်းတနော်ဘုရင့်နောင်လမ်းမပေါ်ရှိ ဆေးဆိုင်နှင့် ကုန်မျိုူစုံဆိုင် (၅)ဆိုင်၊ အရှေ့ပိုင်းရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်နှင့် ဆေးဝါး ရောင်းချဆိုင်(၄)ဆိုင်တို့မှ ရောင်းချသူလုပ်ငန်းရှင်များကို စစ်ဆေးရေးတာဝန်ရှိသူတို့က ဆေးဝါးရောင်းချ ခွင့်လိုင်စင် ရှိ/မရှိ၊ ရောင်းချသော ဆေးဝါးများတွင်အ ညွှန်းများတပ်ဆင်မှု ရှိ/မရှိ၊ (FDA)မှတားမြစ်ထားသော ဆေးဝါးများအား ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ပြည်တွင်းထုတ်အမှတ် တံဆိပ်ပါစားသုံးဆီများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုများနှင့်ပတ်သက်၍ FDA ထောက်ခံချက် ရှိ/မရှိ၊ ဈေးကွက်အတွင်း အမှတ်တံဆိပ်ပါရောနှောဆီ (Blended OIL) ဖြန့်ဖြူးရောင်းချမှုများအား မြေပြင်ကွင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဌာနများ၏ အမိန်ညွှန်ကြားချက်နှင့် လမ်းညွှန်ချက်များအတိုင်း ကုန်စည်များကို ဦးစားပေးရောင်းချရန်၊ လိုက်နာဆောင်ရွက်မှု မရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွား မည်ခြင်းဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို မအူပင်ခရိုင် (FDA) မှ ဦးစီးအရာရှိ နှင့် အဖွဲ့ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
DOCA (ဧရာဝတီ)