“ဖြိုး” ငါးရံ့ခြောက်ဖုတ်လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ကျိုက်လတ်မြို့ (၅)ရပ်ကွက်ရှိ “ဖြိုး” ငါးရံ့ခြောက်ဖုတ်လုပ်ငန်းသို့သွားရောက်ပြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်၏ ပြောကြားချက်အရ ငါးရံ့များကို မအူပင်မှ ဝယ်ယူရရှိပြီး ငါးရံ့အကောင်ကြီး တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ် အကောင်သေး တစ်ပိဿာ လျှင်(၁၃၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူရရှိပြီး ငါးရံ့ခေါင်း၊ အမြှီးများ၊ အူများထုတ်၍ နေလှန်းရသည်။ နေလှန်းပြီးသော ငါးရံ့များကို မီးသွေးမီးဖိုဖြင့် ဖုတ်ရသည်။ လုပ်အားခအနေဖြင့် ငါးခွဲခ (၁၀)ပိဿာ လျှင် (၅၀၀၀)ကျပ်၊ မီးကင်/မီးဖုတ်၊ ထုခ တစ်ပိဿာလျှင် (၅၀၀၀)ကျပ် ပေးရသည်။ (၅)ကျပ်သား တစ်ဘူးလျှင်(၁၄၀၀၀)ကျပ် (၁၀)ကျပ်သား တစ်ဘူးလျှင် (၂၈၀၀၀)ကျပ်တို့ဖြင့် ပြန်လည်ရောင်းချ လျက်ရှိသည်။ ဒေသထွက်ကုန်ဖြစ်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ် စသည့်ဒေသများသို့ တင်ပို့လျက်ရှိပြီး လက်ဆောင်ပစ္စည်းအဖြစ် မှာယူကြသူများလည်းရှိသည်။ အဆိုပါ လုပ်ငန်းသည် တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သဖြင့် မိသားစုစားဝတ်နေရေးပြေလည်စေပါသည်။ လုပ်ငန်းခွင်စွန့်ပစ် ပစ္စည်းများကိုလည်း ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် စနစ်တကျစွန့်ပစ်ထားရန်နှင့် မိမိထုတ်ကုန်များ အပေါ် အာမခံချက်ပေးနိုင်ပြီး စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့်သက်တမ်းကုန်ဆုံးရက်၊အလေးချိန်တို့ကိုဖော်ပြရန် အသိပညာပေးဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)