ဂေါ်ရခါးသီးဈေးကွက်

Powered by Drupal

ဂေါ်ရခါးသီးပင်သည်  အေးမြ၍မိုးများသော    အရပ်ဒေသတွင်  အများဆုံးစိုက်ပျိုးကြ ပါသည်။ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ မန္တလေးဈေးကွက်အတွင်းသို့   ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နှင့် ရွာငံမြို့နယ်တို့မှ ထွက်ရှိသောဂေါ်ရခါးသီးများနှင့် ပြင်ဦးလွင်ဒေသမှထွက်ရှိ သောဂေါ်ရခါးသီးများ  အမြားအပြား  ဝင်ရောက်လျက်ရှိပါသည်။ အချို့ဒေသများ၌ ဂေါ်ရခါးသီးကို  စူကာသီးဟူ၍လည်း ခေါ်ဝေါ်ကြသည်။ မိုးကုတ်ဒေမှလည်းထွက်ရှိ ကြောင်း သိရှိရသည်။ဂေါ်ရခါးပင်မှ ဂေါ်ရခါးညွှန့်ကို ကြော်ချက်၍သော်လည်းကောင်း၊ရေနွေးဖျောပြီး အသုပ်သုပ်၍လည်း စားသောက်ကြပါသည်။ ဂေါ်ရခါးသီးတွင် အမျှင်ဓာတ်နှင့် ရေဓာတ် များ စွာ ပါဝင်သောကြောင့်  ကိုယ်အလေးချိန်ကို  ထိန်းညှိပေးခြင်း  ၊  ဝမ်းချုပ်ခြင်းမှကာကွယ် ပေးခြင်း ၊ အရိုးပွရောဂါမှကာကွယ်ပေးခြင်း ၊ ပင်ပန်းနွမ်းနယ်မှုကိုသက်သာစေခြင်း ၊သွေးတိုးကျစေခြင်း  ၊  မှတ်ဉာဏ်တိုးတက်စေခြင်း   စသည့်   အကျိုးကျေးဇူးများကို    ရရှိ နိုင်ကြောင်း သိရှိရသည်။   ဂေါ်ရခါးသီးကို    ဟင်းချက်၍   သော်လည်းကောင်း    အသားငါး များနှင့်ရော၍ ချက်ပြုတ်စားသောက်ကြသလို ဂေါ်ရခါးသီး  အစိမ်းသုပ်လည်း   သုပ်စားကြ သည်။ မုန့်အနှစ် ဖြင့်နယ်၍  ဂေါ်ရခါးသီးကြော်ပြုလုပ်၍   စားသောက် ရောင်းချ ကြပါသည်။ ဂေါ်ရခါးသီးကို ပြုတ်၍ အတို့အမြုပ်လုပ်၍လည်း  စားသောက်ကြပါသည်။  ဂေါ်ရခါးသီးအရင့် များကိုပြုပ်၍ လည်း   ဆီနှင့်တို့စားလျှင်   စေးပိုင်နေပြီး     သရေစာ အဖြစ်လည်း   စားသောက်ကြပါသည်။ ဈေးကွက်အတွင်း၌    ဈေးသက်သက် သာသာ ဖြင့်    အလွယ်တကူဝယ်ယူ၍ ရရှိနိုင်ပါသည်။ ဂေါ်ရခါးသီး အလုံးအရွယ်အစား   အပေါ်မူတည်၍    တစ်လုံးလျှင် (၃၀၀ ၊ ၄၀၀ ၊ ၅၀၀) ကျပ် စသည်ဖြင့် ရောင်းချ လျက်ရှိကြောင်း ဈေးကွက်အတွင်းမှသိရှိရသည်။

DOCA(မန္တလေး)