ကုလားပဲသီးနှံမှာမန္တလေးစျေးကွက်အတွင်းအရောင်းသွက်သည့်ကုန်စည်ုဖြစ်ပြီး၊ ပြည်တွင်း စျေးကွက်တွင် စားသုံးမှုများပြားပြီး၊ပြည်ပတင်ပို့သည့်အမယ်တစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် ဆောင်းသီးနှံကုလားပဲအဖြစ် နိုဝင်ဘာလမှ စတင်စိုက်ပျိုးလျက်ရှိပြီး၊ ဖေဖော်ဝါရီလ လယ်ခန့်တွင် ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပဲမျိုးစုံအဓိက စိုက်ပျိုးထွက်ရှိသည့် တိုင်းတစ်ခုအပါ အဝင်ဖြစ်ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲမျိုးစုံစိုက်ပျိုးမှုအနေဖြင့် စိုက်ပျိုးမှုပေါင်း (၁၃၇၆၂၅၃)ဧကဖြစ် ကြောင်းသိရပါတယ်။ကုလားပဲစားသုံးမှုအနေဖြင့်၊ ကုလားပဲလုံး၊ကုလားပဲခြမ်း၊ ကုလားပဲအစိမ်းမှုန့်၊ ကုလားပဲအကြက်မှုန့်၊ ကုလားပဲကြော်၊ကုလားပဲသုံးစွဲသည့်စားသောက်ကုန်များ၊ ကုလားပဲပင်ပေါက်၊ ကုလားပဲဟင်းရည်၊ အသားများဖြင့် တွဲဖက်၍ ချက်စားခြင်း၊ ကြော်စား၊ နှပ်စား၊ အသုပ်အဖြစ် စားခြင်း၊ အရည် သောက်ချက်စားသုံးခြင်း၊ ကုလားပဲကြော်အား လက်ဖက်နှင့်တွဲဖက်၍ စားသုံးကြ ကြောင်း သိရပါတယ်။ ကုလားပဲသီးနှံမှာ အဟာရဓာတ်များစွာပါဝင်ပြီး၊ အသားဓာတ်နှင့် ကစီဓာတ် တို့ ပါဝင် သည့်အတွက် သတ်သတ်လွတ်စားသုံးသူများမှ အသားအစားထိုးစားသုံးသင့်တဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ဆောင်းသီးနှံကုလားပဲမှာ တစ်နှစ်ပတ်လုံး ပြည်တွင်းစားသုံးမှု စျေးကွက်တွင် သုံးစွဲမှုများသည့်အမယ်ဖြစ်ပြီး၊ပြည်ပသို့ တင်ပို့သည့်စျေးကွက်လိုအပ်ချက်များသည့် ပဲတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ဒေသအသီးသီးမှထွက်ရှိသည့်ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ ဝင်ရောက် လျက်ရှိသည့် မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ကုလားပဲ အမျိုးအစားအလိုက်ပေါက်စျေးများမှာ တစ်တန်လျှင် ကုလားပဲ (ဗမာ) ၂၈၃၀၆၀၃ ကျပ်၊ကုလားပဲ(ထိုင်ဝမ်) ၂၈၃၀၆၀၃ ကျပ်နှင့် ၂၈၀၈၈၂၉ ကျပ်၊ကုလားပဲဖြူ(လုံးကြီး) ၂၆၇၄၁၉၂ ကျပ်၊တစ်ပိဿာပေါက်စျေးများမှာ ကုလားပဲ(ဗမာ) ၄၆၂၂ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်)၄၆၂၂ကျပ် နှင့် ၄၅၈၇ ကျပ်၊ကုလားပဲဖြူ(လုံးကြီး) ၄၃၆၇ ကျပ်အသီးသီး ဖြစ်ပေါ်လျက်ရှိပြီး၊စျေးနှုန်းအနေဖြင့် ရက်အလိုက်အနည်းပြောင်းလဲမှု ရှိနိုင်ကြောင်းသိရပါတယ်။ ကုလားပဲသီးနှံမှာ ပြည်တွင်းစျေးကွက်တွင် အရောင်းသွက်သည့်ပဲတစ်မျိုးဖြစ်ပြီး၊ ပြည်ပတင်ပို့သည့် သည့်စျေးကောင်းရသီးနှံတစ်မယ်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
DOCA(မန္တလေး)