ဘိုကလေးမြို့နယ် (၉)ရပ်ကွက် ရွှေမင်း အမှတ်တံဆိပ် ပူးတင်းပေါင်မုန့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဇန်နဝါရီလ(၂၆)ရက်နေ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မ(၉)ရပ်ကွက် (၁၁)လမ်းရှိ ရွှေမင်းအမှတ်တံဆိပ် ပူးတင်းပေါင်မုန့်လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ပေါင်မုန့်လုပ်ငန်းမှ ထုတ်လုပ်သော ကုန်စည်တွင်ပါဝင်ပစ္စည်းများ ဖော်ပြချက်နှင့် ထားသိုသိမ်းဆည်းမှုအလေးချိန်၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ သက်မှတ်ထားသော ဝန်ကြီးဌာန၏ထောက်ခံချက် ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး လက်လီ/လက်ကား ဈေးနှုန်း၊ လုပ်သားဦးရေနှင့် လစာနှုန်း၊ ဖြန့်ဖြူးသည့်ဒေသအခြေအနေတို့အား ဆွေးနွေးခဲ့ပြီး ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်စည်ထုတ်ပိုးမှုများ စွန့်ပစ်ပစ္စည်းများ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)