ပဲခူးမြို့တွင် ငါးရံ့ခြောက်များ တစ်နိုင်တစ်ပိုင် ထုတ်လုပ်လျှက်ရှိ

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ငါးရံ့ခြောက်ကို ဒေသထွက်ကုန်တစ်ခုအနေဖြင့်  ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်ကို ခရီးသွားပြည်သူများအနေဖြင့် လက်ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိ

ကြပါသည်။

          ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့ အစိုတစ်ပိဿာကို ၁၅၀၀၀ဈေးမှ ၁၆၀၀၀ဈေး အထိ အကောင်အကြီး၊အသေးပေါ်မူတည်၍ ဝယ်ယူရပြီး အဆိုပါ ငါးအစိုကို ခွဲခြမ်းပြီး နေလှန်းရာတွင် ငါးခြောက်အဖြစ်၂၅ကျပ်သားမှ ၃၀ကျပ်သားအထိ ထွက်ရှိပါသည်။ ငါးရံခြောက်ထုတ်လုပ်သူများအနေဖြင့် ငါးရံ့အစို တစ်ပိဿာကို အခြောက်ပြုလုပ်ရာ၌ ခန့်မှန်းကုန်ကျငွေ    ၂၀၀၀၀ ကျပ် ဖြစ်ပြီး ငါးရံ့ခြောက်တစ်ပိဿာ ၄၅၀၀၀ ကျပ်မှ၅၀၀၀၀ကျပ်ဈေးဖြင့် ရောင်းချရသည့် အတွက်ငါးရံ့ခြောက် တစ်ပိဿာအပေါ် ၆၅၀၀ကျပ်အမြတ်အစွန်းရရှိအဖြင့် ထုတ်လုပ်သူများအနေဖြင့် စီးပွားဖြစ်မဟုတ်ဘဲ တစ်နိုင်တစ်ပိုင်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)