ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၆.၁.၂၀၂၅)နေ့ နေလယ် (၁၂:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ သွားရောက်၍ ပစ္စည်းပြတ်လတ်မှု မရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှုရှိ/မရှိနှင့်ဈေးနှုန်း တည်ငြိမ်ရေးတို့အတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဘိလပ်မြေဆိုင်များအနေဖြင့် ဘိလပ်မြေများ မှာယူရာတွင် ရန်ကုန်ကိုယ်စားလှယ်များမှ ခွဲတမ်းအရ ရရှိခြင်းအပေါ် တစ်နေ့ကားတစ်စီးလျှင် ၁၅၀အိတ်/၂၀၀အိတ်သာ ရရှိကြောင်း၊ ရရှိသည့်အပေါ်တွင် ဌာနဆိုင်ရာ ကန်ထရိုက်စနစ်ဆောက်လုပ်ရေးလုပ်ငန်းများသို ဦးစားပေးခွဲဝေပေးခြင်း ၊ အခြားပြင်ပ ပြည်သူများသို့လည်း အချိုးကျခွဲဝေပေးရကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့်တစ်ပတ်နှင့်တစ်ပတ် ကုန်ဈေးနှုန်းပြောင်းလဲမှုရှိလျှင် ကုန်ပစ္စည်းမျာအား ချိန်ဆပြီး မှာယူရကြောင်း၊မြို့နယ်သို့ သယ်ယူရာတွင် ရေလမ်း၊ ကုန်းလမ်းဖြင့် သယ်ယူလျှက်ရှိပြီး ယခုအခါသည် ကုန်းလမ်းဖြင့်သာသယ်ယူကြပါသည်။ တစ်လ နှင့် တစ်လ ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်လျက်ရှိပြီး မြို့နယ်အနေဖြင့်ဘိလပ်မြေ ပြတ်လပ်မှုမရှိပါကြောင်း စိစစ်မှုအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)