မိတ္ထီလာခရိုင် မိုးနှောင်းဝါဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်သည် ဝါသီးနှံများ စိုက်ပျိုးဖြစ်ထွန်းသောဒေသဖြစ် ပြီး ယခုနှစ်တွင် မိတ္ထီလာမြို့နယ်တွင် (၇၁၈၀)ဧက၊ မလှိုင်မြို့နယ်တွင် (၈၉၈၁)ဧက၊ သာစည်မြို့ နယ်တွင် (၉၉၉၅)ဧက၊ ဝမ်းတွင်းမြို့နယ်တွင် (၁၃၁၅၆)ဧက၊ စုစုပေါင်း (၃၉၃၁၂)ဧက စိုက်ပျိုးခဲ့ ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။

ဝါသီးနှံကို မိုးကြို၊ မိုး၊ မိုးနှောင်းဟူ၍ စိုက်ပျိုးကြပြီး မိတ္ထီလာခရိုင်အနေဖြင့် မိုးနှောင်းဝါကို အများဆုံးစိုက်ပျိုးကြောင်းသိရသည်။ စိုက်ပျိုးရာတွင် ချဉ်မျှင်တိုဝါမှာ အထွက်နှုန်းနည်းသည့် အတွက်  အထွက်နှုန်းကောင်းသည့် ချဉ်မျှင်ရှည်ဝါမျိုးကို စိုက်ပျိုးရေး ဦးစီးဌာနက ဖြန့်ဝေရောင်းချ သည့် B31 ၊ ရွှေတောင် ၈/၁၀၊ ငွေချဉ် ၉ တို့အပြင် ရာကာ(အိန္ဒိယ)မျိုးများကို စိုက်ပျိုးကြပါသည်။

မိတ္ထီလာခရိုင်တွင် မိုးနှောင်းဝါကို ဇူလိုင်လက စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာလလယ်မှစ၍ ကောက်သိမ်းခဲ့ရာ လက်ရှိအချိန်ထိ ကောက်သိမ်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။ တောင်သူများအနေဖြင့် ထွက်ရှိလာသောဝါကို တောပွဲစားများအပြင် မြို့ပေါ်ရှိပွဲရုံများ၊ ဝါစက်များသို့ ရောင်းချကြပြီး ပွဲရုံများမှ မြို့ပေါ်ဝါစက်များနှင့် မန္တလေးမြို့ပေါ်ရှိ ကုန်သည်များ သို့ ပြန်လည် ရောင်းချကြပါသည်။ ဝါစက်များမှ ထွက်ရှိလာသော ဂွမ်းကို နိုင်ငံပိုင်ချဉ်မျှင် စက်များနှင့် မန္တလေးမြို့ရှိ ပုဂ္ဂလိကချဉ်မျှင်စက်များသို့ ပြန်လည်ရောင်းချကြပါသည်။ ဝါဈေး အနေဖြင့် ရာသီပေါ်စက တစ် ပိဿာ ၃၁၀၀-၃၇၀၀ ကျပ်များမှ လက်ရှိဈေးကွက်တွင် ၄၇၀၀-၄၈၀၀ ကျပ်ရရှိသည့်အတွက် တောင်သူများ အတွက် ယခုနှစ်မိုးများခြင်းကြောင့် အထွက်နှုန်း နည်းသော်လည်း အကျိုးအမြတ် ကာမိကြောင်း ဝါစိုက် တောင်သူ များထံမှ သိရသည်။

DOCA(မန္တလေး)