ဘိုကလေးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့ဖြစ်သော မြို့နယ်ထွေ/အုပ်၊ မီးသတ်တပ်ဖွဲ့တို့နှင့်အတူပူးပေါင်း၍ဇန်နဝါရီလ (၂၆)ရက်နေ့တွင့် မြို့မ(၈) ရပ်ကွက်ရှိ မေမေ့သားဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု့နှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်စေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဆန်၊ စပါးဈေးနှုန်းဈေးကွက်အခြေအနေများ တည်ငြိမ် စေရေး၊ ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိသော ထုတ်ကုန်များ အရည်အသွေး ပြည့်မှီစေရေး၊ ထုတ်ပိုးမှုအခြေအနေများ၊ ဆန်စပါး လက်ကျန်အခြေအနေများ၊ ပုံမှန်လည်ပတ် ကြိတ်ခွဲမှု ရှိ/မရှိ၊ ဆန်များပုံမှန်ကြိတ်ခွဲမှုနှင့် ဆန်၊စပါးသက်မှတ်ရည်ညွှန်းဈေးနှုန်းများ အတိုင်းရောင်း ချခြင်းရှိ/မရှိအား ကွင်းဆင်းစိစစ်ခဲ့သလို ဆန်စက်ရှိသိုလှောင်ရုံများအား online မှတ်ပုံတင်ထားခြင်း ဆောင်ရွက်ထားမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)