လုံးတီးဆန်ကြိတ်ခွဲမှုကြောင့် ဖွဲနု ဈေးနှုန်း မြင့်တက်

Powered by Drupal

       ပြည်တွင်းမွေးမြူရေးလုပ်ငန်းအတွက် အဓိကအစာကုန်ကြမ်းဖြစ်သည့် ဖွဲနု(Rice Bran) ဈေးနှုန်းသည် ယခုနှစ်အတွင်း၌ မြင့်တက်လျှက်ရှိကြောင်း သိရှိရသည်။ စပါးဘေးထွက်ပစ္စည်းဖြစ်သည့် ဖွဲနုသည် ယခင်နှစ်တွင် တစ်ပေါင်လျှင်(၁၀၅-၁၁၀)ကျပ် တစ်အိတ်(ပေါင်၇၀)လျှင် (၇၃၀၀-၇၇၀၀)ကျပ် သာရှိကြောင်း လက်ရှိအချိန်တွင် တစ်ပေါင်လျှင် (၁၉၅-၂၀၀) ကျပ် တစ်အိတ်(ပေါင်၇၀) လျှင် (၁၃၀၀၀-၁၄၀၀၀) ကျပ် အထိ ရှိနေပြီး ဖွဲနုကုန်ကြမ်း အခြေခံပြီးကျွေးသည့် မွေးမြူရေးလုပ်ငန်းများတွင် အခက်အခဲများရှိကြောင်း သိရသည်။

              ဆန်စက်များတွင် လုံးတီးဆန်များ ကြိတ်ခွဲခြင်းကြောင့် ဖွဲနုအထွက်နည်းပါ၍ ဖွဲနုဈေးနှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဆန်စက်များအနေဖြင့် လုံးတီးဆန်ကြိတ်ခွဲရခြင်းမှာ လျှပ်စစ်မီး ပြတ်တောက်မှုများပြားလာသည့် အခြေအနေတွင် Generator Engine အသုံးပြုလည်ပတ်ရာ၌ ဆန်စက်၏ စက်ယူနစ်အားလုံး လည်ပါတ်ကြိတ်ခွဲနိုင်ခြင်း မပြုနိုင်သည့်အတွက် လုံးတီးဆန်များသာ ကြိတ်ခွဲထုတ်လုပ်ကြကြောင်း သိရသည်။

DOCA(ပဲခူး)