ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း မန္တလေးစျေးကွက်သို့ ပဲကြီးသီးနှံအစိုများ အများအပြား ဝင်ရောက်လျှက်ရှိပြီး၊ပဲကြီးသီးနှံ(အစို/အခြောက်)မှာအရောင်းသွက်သည့်ပဲတစ်မျိုးဖြစ်ကြောင်း သိရ ပါတယ်။ ပဲကြီးသီးနှံ(အစို)စျေးကွက်အနေဖြင့် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော ပေါက်စျေးနှင့်ဇန်နဝါရီလနောက်ဆုံးပတ်ပေါက်စျေးတို့ နှိုင်းယှဉ်ပါက စျေးအနည်းငယ်ကျဆင်းသွား ကြောင်း သိရပါတယ်။ ပဲကြီးသီးနှံ(အစိုနှင့်အခြောက်)မှာ ပြည်တွင်းစားသုံးမှုများပြားသကဲ့သို့ ပြည်ပတင်ပို့ရောင်းချသည့် စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲကြီးသီးနှံစိုက်ပျိုးမှု များပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မြင်းခြံခရိုင်တို့မှစိုက်ပျိုးထွက်ရှိသည့်ပဲကြီးသီးနှံများ၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်မကွေးတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့်ပဲကြီးသီးနှံများလည်းအများအပြားဝင်ရောက်ကြောင်း တွေ့ရှိရပါတယ်။ပြည်တွင်း၌ ပဲကြီးသီးနှံစားသုံးမှုမှာ ပဲကြီးနှပ်၊ပဲကြီးဟင်းချို၊ ပဲကြီးကြော်၊ ပဲကြီး လှော်သရေစာအဖြစ်အမျိုးမျိုးစားသုံးလျှက်ရှိပြီး၊ လက်ဖက်နှင့်တွဲဖက်၍ စားသုံးသည့်ပဲအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။မန္တလေးမြို့၊ ၄၁လမ်း၊ ကမ်းနားလမ်းစျေးနှင့် သီရိမာလာစျေး (ပိုက်ကျုံးစျေး)ရှိ သီးနှံကုန်စိမ်းလက္ကားရောင်းချသည့်စျေးတို့တွင် ပဲကြီးသီးနှံ(အစို)အများအပြားဝင်ရောက် လာသည့် အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း ပဲကြီးသီးနှံ(အစို) ရောင်းချသည့်ဆိုင်ရှင် တစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။ ကုန်စိမ်းစျေးကွက်တွင် ပဲကြီးသီးနှံ(အစို)များကို (နို့ဆီဗူး ၁၁ဗူးပါ) အထုတ်များဖြင့် ရောင်းချလျက်ရှိပါတယ်။ ပဲကြီး(အစို)ပေါက်စျေးအနေဖြင့် ဒီဇင်ဘာလနောက်ဆုံး ပတ်အတွင်း လက္ကားစျေးတစ်ထုတ်(နို့ဆီဗူး ၁၁ ဗူးပါ)လျှင် ၈၀၀ဝိ/-နှင့် ၈၅၀ဝိ/-စျေး၊ လက်လီ စျေးတစ်ဗူးလျှင် ၁၄၀ဝိ/- နှင့်၁၅၀ဝိ/- ဖြစ်ပေါ်ခဲ့ပြီး၊ ဇန်နဝါရီလနောက်ဆုံးပတ်တွင် လက္ကားစျေး တစ်ထုတ်(နို့ဆီဗူး ၁၁ ဗူးပါ)လျှင် ၇၀၀ဝိ/- နှင့် ၇၅၀ဝိ/- စေျး၊ လက်လီစျေးတစ်ဗူးလျှင် ၁၀၀ဝိ/- နှင့် ၁၁၀ဝိ/-စျေးတို့ဖြင့် အသီးသီးရောင်းချလျက်ရှိပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်းတွင် ဇန်နဝါရီလနောက်ဆုံးပတ် အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃ တင်းဝင်တစ်အိတ်လျှင် ပဲကြီး(ကြီး)၂၈၀၀၀၀ ကျပ်နှင့် ၂၉၀၀၀၀ ကျပ်၊ပဲကြီး(လတ်) ၂၅၀၀၀၀ ကျပ်နှင့် ၂၆၀၀၀၀ ကျပ်၊ပဲကြီး(သေး) ၂၂၀၀၀၀ ကျပ်နှင့် ၂၄၀၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲကြီး(ကြီး) ၅၀၆၈ ကျပ်နှင့် ၅၂၄၉ ကျပ်၊ ပဲကြီး(လတ်) ၄၅၂၅ ကျပ်နှင့် ၄၇၀၆ ကျပ်၊ ပဲကြီး(သေး) ၃၉၈၂ ကျပ်နှင့် ၄၃၄၄ ကျပ် အသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ ပဲကြီးဝင်ရောက်မှု ပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။ပြည်တွင်း၌ ပဲကြီးသီးနှံမှာ အစိုနှင့်အခြောက် အမျိုးစားနှစ်မျိုးလုံးစားသုံးမှုများပြားပြီး၊ အရောင်းသွက်သည့် အမယ်ဖြစ်ကြောင်း သိရပါတယ်။ပဲကြီးသီးနှံမှာ ပြည်တွင်း စားသုံးမှုပမာဏများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်စျေးကွက် လိုအပ်ချက်များသည့်စျေးကောင်းရ ပဲသီးနှံအမျိုးအစားအမယ်ဖြစ်ကြောင်း သိရပါတယ်။
DOCA(မန္တလေး)