ကျောက်ဖရုံသီးအသုံးဝင်ပုံနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

ကျောက်ဖရုံသီးကို နေရာဒေသမရွေး စိုက်ပျိုးကြပါသည်။ ယခင်က ချက်ပြုတ်စားသောက်ရန်အတွက်သာ တနိုင်တပိုင်စိုက်ပျိုးခဲ့ကြပြီး ယခုအခါ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျောက်ဖရုံယိုလုပ်ငန်း မှာလည်းဈေးကွက်ဝင်စားသောက်လုပ်ငန်းတခုဖြစ်သောကြောင့်ကျောက်ဖရုံသီးကို စီးပွားဖြစ်ဧကလိုက်စိုက်ပျိုးလာကြပြီးဖြစ်ပါသည်။ ကျောက်ဖရုံသီးကို တန်ခူး၊ကဆုန်မိုးဦးကျကာလတွင် စိုက်ပျိုးကြပြီး မိုးတွင်းတတွင်းလုံး အပင်ဖြစ်ထွန်းပြီး အသီးအမှည့်များ ဝေဝေဆာဆာဖြစ်ထွန်းကာ တော်သလင်း၊သီတင်းကျွတ်တွင် အသီးများခူးဆွတ်ရပါသည်။ ကျောက်ဖရုံသီး ကို အလှူ၊မင်္ဂလာဆောင်၊စတုဒီသာ ကျွေးမွေးဧည့်ခံပွဲများတွင် ဝက်သားနှင့် ကျောက်ဖရုံ ဝက်သပြွန်းဟင်း၊ ကြက်သားနှင့်ကျောက်ဖရုံကြက်သပြွန်း ဟင်းချက် ၍ အချဉ်သုပ်၊ငရုတ်သီးကြော်ဖြင့် တည်ခင်းကျွေးမွေးကြပါသည်။ အလွန်ထမင်း မြိန်သော ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ကျောက်ကပ်သမားများ ကျောက်ဖရုံ ဟင်းချိုချက်စားခြင်း၊ ကျောက်ဖရုံသီးသုပ်စားခြင်းဖြင့် ကာကွယ်နိုင်သည် ဟုဆိုကြပါသည်။ ကျောက်ဖရုံယိုလုပ်ငန်းမာလည်း နေရာအနှံအပြား လုပ်ကိုင် လျက်ရှိကြပြီး ဈေးကွက်ဝင်လျက်ရှိပါသည်။ ကျောက်ဖရုံယို လုပ်ရာတွင် ကျောက်ဖရုံသီးကို အခွံနွှာပြီးအစေ့ထုတ်၊ ဗိုက်သားထုတ်၍မိမိလိုသလောက် အနေတော်အတုန်းလေးများတုန်းကာရေဖြင့်၂ထပ်၊၃ထပ်ဆေး၍ထုံးရေကြည် ဖြင့် တစ်ညစိမ်ရပါသည်။ ထုံးရေစိမ်ပြီး ကျောက်ဖရုံသီးတုန်းများကို ထပ်မံ၍ ရေ ၂ထပ်၊၃ထပ် ဆေးကြောရပါသည်။ထိုနောက် သကြားရည်တစ်ညစိမ်ပြီးနောက် ၎င်းသကြားရည်ဖြင့်မီးဖိုပေါ်တင်၍ ကြိုပေးရပါသည်။ သကြားရည်ခမ်းပါက အအေးခံပေးခြင်းဖြင့် ကျောက်ဖရုံယိုရပြီဖြစ်ပါသည်။

ကျောက်ဖရုံယိုပြုလုပ်ရာတွင် ကျောက်ဖရုံသီး၊သကြားအဓိကပါဝင်ပြီး အရင်းအနှီး ကုန်ကျစရိတ်နည်းသောကြောင့် မိသားစုတနိုင်တပိုင်သော်လည်း ကောင်း၊စီးပွားဖြစ်သော်လည်ကောင်း နေရာအနှံ့အပြားထုတ်လုပ်ရောင်းချ လျက်ရှိပြီးတံဆိပ်အမျိုးမျိုးဖြင့်ဈေးကွက်အတွင်းရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ဗီတာမင်နှင့်သတ္တုဓာတ်အများဆုံးပါဝင်ပြီးဆီးချိုကယ်လိုရီပါဝင်မှုနည်းပြီးကိုယ်အလေးချိန်လျှော့နိုင်၊ခန္ဓာကိုယ်အပူငြိမ်းစေပြီးအဆိပ်အတောက်ကို ဖယ်ရှားပြီး ဟင်းချိုချက်သောက်ရုံနှင့် စိတ်ပိုင်းဆိုင်ရာရောဂါကုသရာတွင် ကျောက်ဖရုံသီးဖျော်ရည်သောက်လို့ညအိပ်မပျော်လျင်ညအိပ်ပျော်စေ၊ရေဓာတ်ထိန်းညှိပေးပြီးဆီးရွှင် စေကြောင်းသိရှိရသည်။ ဈေးကွက်အတွင်း၌ ကျောက်ဖရုံ သီးတစ်လုံးလျှင် အလုံးအရွယ်အစားအကြီးအသေး ပေါ်မူတည်၍(၁၅၀၀)မှ (၆၀၀၀)ထိ ရောင်းချလျက်ရှိပြီး အစိတ်ကလေးများစိတ်ကာတစ်စိတ် (၅၀၀)မှ (၁၀၀၀)ဖြင့်လည်း ရောင်းချလျက်ရှိပါသည်။ကျောက်ဖရုံယို ၂၅ကျပ်သား  တစ်ထုပ်လျှင်(၂၀၀၀)ကျပ် ဈေးဖြင့်ရောင်းချလျက်ရှိပြီး ဈေးကွက်ခိုင်မြဲသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း ဈေးကွက်အတွင်းမှသိရှိရပါသည်။

DOCA(မန္တလေး)