တနင်္သာရီတိုင်းဒေသကြီးမှ ဇန်နဝါရီလတတိယပတ်အတွင်း ကွမ်းသီးတင်ပို့မှုမှာ ထားဝယ် ခရိုင်မှ (၃၇၂၉၃၀)ပိဿာ တန်အားဖြင့်(၁၇၀၃.၃၂၆)ရှိပြီး၊ မြိတ်ခရိုင်မှ (၄၇၁၀၀၀)ပိဿာ တန်အား ဖြင့်(၅၆၉.၁၁၈)ရှိပြီး ကော့သောင်းခရိုင်မှ တင်ပို့မှုမရှိသေးကြောင်း သိရပါသည်။ ယခုပတ်အတွင်း ထားဝယ်ခရိုင်တွင် ကွမ်းသီးခွဲခြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်ရှိပြီး၊ မြိတ်ခရိုင်တွင် (၈၅၀၀ မှ ၉၀၀၀)ကျပ်ရှိပါသည်။ ကွမ်းသီးအလုံးခြောက်တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်ရှိသဖြင့် တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)