ကင်းမွန်ခြောက်လုပ်ငန်း ဝင်ငွေကောင်း

Powered by Drupal

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်သည် ရေပတ်လည်ဝန်းရံလျက်ရှိပြီး ကျွန်းပေါ် တွင်တည်ဆောက်ထားသည့် မြို့လေးတစ်မြို့ဖြစ်သည့်အတွက် လူအများစုသည် ရေလုပ်ငန်းကို စီးပွားရေးအဖြစ်အများဆုံး လုပ်ကိုင်လျက်ရှိပါသည်။

ပင်လယ်ရွာဟုခေါ်သည့်ကျေးရွာများတွင် ရေလုပ်ငန်းလုပ်ကိုင်ရာတွင် ငါးခြောက်လုပ်ငန်း ၊ ပြည်ကြီးငါးခြောက်(ခ)ကင်းမွန်ခြောက်လုပ်ငန်း ကိုလည်း စီးပွားဖြစ်လုပ်ကိုင်လျက်ရှိရာ မိုးရာ သီကုန်ဆုံးသည့်အချိန်ဖြစ်သည့်အတွက်ငါးခြောက်လုပ်ငန်းလုပ်ကိုင်သူများသည် ငါးခြောက်၊ပြည် ကြီးငါးခြောက်(ခ)ကင်းမွန်ခြောက်လုပ်ငန်းသည် လှိုင်လှိုင်ထွက်ရှိရာ စည်ပင်သာယာစျေးများကို အများဆုံးရောင်းချလျက်ရှိရာ ကြီးငါးခြောက်(ခ)ကင်းမွန်ခြောက် ဆိုဒ်ကြီး တစ်ပိဿာလျှင် (၁၅ ၀၀၀၀-၁၃၀၀၀၀)ကျပ်၊ ဆိုဒ်လတ် တစ်ပိဿာလျှင်(၁၀၀၀၀၀-၉၀၀၀၀)ကျပ်၊ ဆိုဒ်သေး တစ် ပိဿာလျှင် (၇၀၀၀၀- ၆၅၀၀၀)ကျပ်ထိ စျေးပေါက်လျက်ရှိပါသည်။ တံငါလုပ်ငန်း လုပ်ကိုင်သူ များအနေဖြင့် ငါးခြောက်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ဝင်ငွေကောင်းစေသည့် လုပ်ငန်းတစ် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)